မိုးဒီပ(Arc -7)

9.8K 773 33
                                    

<Unicode>
*မိုးဒီပလို့ပဲသုံးပါတော့မယ်*

မိုးဒီပလဲ အိမ်ပေါ်တက်ကာအဝတ်စားများထုတ်ပီး ခရီးဆောင်အိတ်ထဲစီစီရီရီထည့်နေသည်။ထိုအချိန်မှာပဲ မိုးဒီပရဲ့အဒေါ်ကပြန်ရောက်လာပီး...

"ဟဲ့ ဒီပ နင်ဘာလုပ်နေတာလဲ"

သူ့အခန်းထဲဝင်လာကာမေးလာတာကြောင့်အဝတ်စားတေထည့်နေရင်းပဲပြန်ဖြေလိုက်သည်။

"မြို့ကိုလိုက်သွားမလို့"

"ဟေ!မဖြစ်ပါဘူးအေ နင့်ပုံစံနဲ့"

"ဖြစ်ပါတယ်ကြီးတော်ရယ်"

"ဟဲ့!နင်ကိုယ့်ရွာမှာတောင်ဘယ်နေရာမှမသွားတတ်မလာတတ်နဲ့ကို ဟိုးးမြို့ပေါ်ထိဘယ်ဘိုသွားမှာလဲ ငါစိတ်မချဘူးအေ့ တော်ကြာနင့်ရောင်းစားသွားမှဖြင့်အေ မြို့ကြီးပြကြီးဆိုတာလူလိမ်တေပေါပါရဲ့အေ မသွားပါနဲ့လား ရန်နိုင်ကနင့်ကိုတကယ်မချစ်လို့ဒီလိုအလုပ်မျိုးကိုလုပ်သွားတာလေ ပြန်မလိုချင်စမ်းပါနဲ့ငါ့တူရယ်"

"ကျနော်ကသူ့ကိုပြန်ခေါ်ဖို့သွားမှာမဟုတ်ဘူးကြီးတော်ရဲ့ ကျနော်ကိုသစ္စာဖောက်ပီးသူတို့ပျော်နေမှာကိုဒီတိုင်းလက်ပိုက်မကြည့်နိုင်လို့သွားမှာ"

"နေပါအေ ငါ့တူအကြောင်းငါအသိဆုံး သူတို့ဆီတောင်မရောက်လိုက်ပဲနင်ရောင်းစားခံရမှာစိုးလို့ပြောနေတာ"

"ဒီတစ်ကြိမ်ပဲကျနော့်ကိုယုံကြည်ပေးပါကြီးတော် ကျနော်ဘာမှမဖြစ်စေရဘူး ကျနော့်လဲလောကကြီးကိုလေ့လာဖို့အခွင့်ရေးရတာပေါ့"

"ဒါဆိုလဲကြီးတော့ပါလိုက်ခဲ့မယ်"

"နေပါကြီးတော်ရယ် ကြီးတော်ကအသက်ကြီးပီဒီနေ့မှရန်ကုန်ကပြန်ရောက်တာ နားနေပါ ခရီးပန်းလှပါတယ် ကျနော်တစ်ယောက်ထဲသွားပါ့မယ်"

"ဟင်းး နင်ကအဲ့လောက်စိတ်အားထက်သန်နေမှတော့လဲ ငါမတားတော့ပါဘူးအေ တစ်ခုခုဆိုရင်ရွာကိုသာအရောက်ပြန်လာခဲ့ ဟုတ်ပလား"

"ဟုတ်ကဲ့ကြီးတော်"

"အေး ထည့်ထည့် လိုအပ်တာလေးတေများများယူသွား ကြီးတော့မင်းကိုကားလက်မှတ်စီစဉ်ပေးမယ် မနက်ကားနဲ့သွားပေါ့ ဟုတ်ပလား"

Love System (Completed)Where stories live. Discover now