Part-1

8.5K 458 91
                                    

<Unicode>
"ကင်မ်ထယ်ယောင်း ငါ့ကိုခုချက်ချင်းပြန်ကြိုက် ငါ့ကောင်လေးလုပ်ပေး"

လူကြားမရှောင်သူကြားမရှောင်
အတင့်ရဲနေသောဂျွန်ဂျောင်ကုကြောင့်
ထယ်ယောင်းမျက်နှာပင်ဖော်မရဲတော့။

ကျောင်းရှေ့မှာပင်ဖြစ်သောကြောင့်
လူတစ်ချို့က ကွက်ကြည့်ကြည့်နေကြသည်။
ရှက်လွန်း၍ အငွေ့ပြန်ချင်စိတ်ပါပေါက်နေသည်။

"ငါပြောနေတာကြားလာမင်း"

"ငါမင်းကိုမကြိုက်ဘူး ဂျွန်ဂျောင်ကု!"

ထယ်ယောင်း၏စကားကြောင့်
ဂျောင်ကု ပါးစောင်းအားလျှာထိုးကာ
ပျင်းရိစွာပြုံးလိုက်သည်။

"မင်းငါ့ကိုပြန်မကြိုက်ရင်
ငါမင်းတင်ပါးတွေကိုပုတ်တဲ့အထိရိုက်မယ်ဆိုတာ
မင်းယုံတယ်မလာ ကင်မ်ထယ်ယောင်း!"

"မင်း!"

"အဲ့ဒီတော့ငါ့ကိုပြန်ကြိုက်လိုက်တော့!"

အနည်းငယ်ကျယ်သွားသောဂျောင်ကုအသံကြောင့်
သူတို့ဘေးတစ်ဝိုက်တွင် ပိုပြီးလူအုံလာသည်။
တီးတိုးသံများမှာလည်းတစ်စထက်တစ်စ
ညံလာသည်။

"ကင်မ်ထယ်ယောင်း
ငါပြောတာကိုကြားလာ!?"

"ငါမင်းကိုမကြိုက်."

ဖြန်း!!!

ပူထူသွားသောတင်ပါးနှင့်အတူ
ဘေးကလူများ၏အသံများမှာ
တစ်ဖြည်းဖြည်းကျယ်လာသသည်။

"ဟဲ့ဟဲ့ ဂျွန်ဂျောင်ကုကတကယ်ရိုက်တာဟဲ့"

"လက်ရဲဇက်ရဲနဲ့ဟယ်"

"ထယ်ယောင်းသနားပါတယ် ဟယ်"

"အလှလေးကို ဂျောင်ကုလက်ဦးသွားပြန်ပြီး"

"ငါကျန်ရစ်ဖြစ်ပြန်ပြီးကွား"

မိန်းမယောကျာ်းများ၏တီးတိုးသံများမှာ
တစ်စထက်တစ်စကျယ်လာပြီး
ဂျောင်ကုမျက်နှာကိုကြည့်လိုက်တော့လည်း
သူ့အားမျက်ခုံးတစ်ဖက်ပင့်ပြလာသည်။

အမြင်ကပ်စရာကောင်းလိုက်တာဆိုတာလေ..

"ဘယ်လိုလည် ငါ့ကိုငြင်းအုံးမလာ?"

"ငါ..ငါ.."

"ငါစိတ်မရှည်တော့ဘူး ကင်မ်ထယ်ယောင်း
ငါ့ကိုမငြင်းနဲ့ ငါမကြိုက်ဘူး!"

Loading..Where stories live. Discover now