Chapter 191 [ Final ]

33.3K 3.2K 291
                                    

Unicode

ဇာတ်သိမ်းပိုင်း (၂)
________________________________

'' အင်း '' ကျန်းမော့ချန် ပြန်ဖြေလာသည်။ '' တစ်ခုပဲ ကိုယ့်မင်္ဂလာပွဲက ပွဲကြီးတစ်ခုဆိုတော့ ကိုယ့်မိဘတွေက စီးပွားရေးလောကထဲကလူတွေ အများကြီးဖိတ်လောက်တယ် မင်း စိတ်ထဲမထားပါနဲ့ ''

'' ဘာမှမဖြစ်ပါဘူး ဒါကပုံမှန်ပါပဲ ''

Xမြို့မှာရှိနေတဲ့ ကျန်းအိမ်ရဲ့အဆင့်အတန်းအရ အငယ်ဆုံးသားလက်ထပ်လိုက်ခြင်းက ကျန်းအိမ်အတွက် ကိစ္စကြီးတစ်ခုဖြစ်သလို စီးပွားရေးလောကအတွက်လည်း ကိစ္စကြီးတစ်ခုဖြစ်သည်။ ယန်းချင်းချီလည်း သူ့မင်္ဂလာပွဲသူ မိဘ၊ဆွေမျိူး လူနည်းစုလောက်ဖြင့် ကျင်းပရမည်ဟု တစ်ခါမှ စိတ်မကူးခဲ့ပါ။

'' ကျွန်တော့်မိသားစုဘက်ကတော့ အများကြီးမရှိလောက်ဘူး '' ယန်းချင်းချီ စဥ်းစဥ်းစားစားပြောလာသည်။ '' ကျွန်တော့်မိသားစုဘက်မှာ ဆွေမျိုးနည်းနည်းနဲ့ မိတ်ဆွေတချို့လောက်ပဲရှိတယ် အဲ့ဒါကြောင့် အဲ့အချိန်ကျရင် လာမဲ့လူအများကြီးမရှိလောက်ဘူး ဒါပေမဲ့ ခင်ဗျားအမေနဲ့ ကျွန်တော့်အမေနဲ့ ဧည့်သည်စာရင်းတွေ ကြည့်လုပ်ပြီးပြီနဲ့ တူပါတယ် ''

'' အင်း အဲ့ဒါကြောင့် အခုလောလောဆယ်တော့ ကိုယ်တို့အဲ့ကိစ္စကို ပူစရာမလိုသေးဘူး ''

'' ဒါဆို အခု ကျွန်တော်တို့ ဘယ်ကိစ္စကိုပူရမှာလဲ ''

ကျန်းမော့ချန် ခဏလောက်စဥ်းစားပြီးမှ

'' ဒါမှမဟုတ် ကိုယ်တို့အတွက် ပန်းကြဲပေးဖို့တာဝန်ယူထားတဲ့ ကောင်လေးတွေကိုပဲ သွားကြည့်ကြမလား ''

'' ခင်ဗျားသာမပြောရင် ကျွန်တော်မေ့တော့မလို့ '' ယန်းချင်းချီ အဝတ်ဗီဒိုဆီသွားကာ ဗီဒိုတံခါးဖွင့်ပြီး ကလေးဝတ်Suitလေးနှစ်စုံထုတ်လိုက်သည်။ '' သူတို့အတွက်မှာထားတဲ့ Suitလေးတွေက ရှေ့နှစ်ရက်ကမှ ရောက်လာတာ ကျွန်တော် ခဏသိမ်းထားပြီး ချီချီကျောင်းက ပြန်လာမှ ဝတ်ကြည့်ခိုင်းမလို့ပဲ ဒါပေမဲ့ ဝေ့လန်ဝင်ရှုပ်လိုက်တာနဲ့ မေ့ကုန်ရော အခု ချီချီနဲ့ ယန့်ယန့်ကို စမ်းဝတ်ကြည့်ခိုင်းရမယ် ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now