Chapter...20

30.8K 1.8K 70
                                    

တည့်မတ်စွာချိန်ထားသည့် သေနတ်ပြောင်း
ဝက တည်စေရာမိုင်ရဲ့ရှေ့တည့်တည့်တွင်မင်းမူနေပါ၏။

တုန်လှုပ်ကြောက်ရွံခြင်းအလျဥ်းရှိဖို့ဝေးဆွ
ဂရုပင်မစိုက်တဲ့ ဥပေက္ခာပြုထားတဲ့ မျက်နှာ
အရိပ်အယောင်နောက်နား၌ ကပ်ပါးကောင်
တစ်ခုလို တည်ငြိမ်တဲ့မျက်ဝန်းတွေက ဖြစ်
တည်နေ၏။

ထိုအချိန်၌ အခန်းတစ်ခုလုံးက လေဟာနယ်
တစ်ခုကိုရောက်သွားသလို ငြိမ်ကျသွား၍ လူးဝစ်ရဲ့ လက်လှုပ်ရှားမူကိုသာအာရုံစိုက်မိ
နေကြလေသည်။

သို့ပေမဲ့....

တည်စေရာမိုင်ရဲ့ သေမင်းခံတွင်းဝကိုရောက်
ရှိနေသည့် ချောက်ကမ်းပါးထက်ကလူတစ်
ယောက်ရဲ့ အေးဆေးငြိမ်သက်လှတဲ့အပြုအ
မူတွေကြောင့် သြချမိလောက်တဲ့အထိ။

ဒန်နီယယ်နဲ့ဂျိတ်ကတော့ အသံအောင့်ပြီးတံ
ထွေးမြိုချမိသည့်အကြိမ်ကအခါခါ....။

"အဆင်မပြေတာရှိလို့လား....လူကြီးမင်း"

အသံတုန်ခါမူမရှိပဲ လေးနက်ထိရှတဲ့အသံအ
သွားအလာနဲ့အတူ လူးဝစ်ကိုစိုက်ကြည့်ပြီး
နှုတ်ခမ်းလှုပ်ရုံမျှပြောလိုက်သည့် တည်စေရာမိုင်...။

"အဟက်....ရူးနေတဲ့ကောင်ပဲ"

တည်စေရာမိုင်ကို ချိန်ထားသည့်သေနတ်ကို
ပြန်ရုတ်လိုက်ပြီး....

"ဒိုင်း!"

အခန်းတွင်း သေနတ်သံကကျယ်လောင်စွာ
ဟိန်းထွက်သွားလေသည်။

"Sorry....ဦးတည်ပြီးသားကျည်ဆန်ကို အသုံးပြုလိုက်ရမှ ကျေနပ်လို့"

အပေါ်သို့ မော့၍ ပစ်လိုက်တဲ့ သေနတ်သံက
အခန်းထဲရှိ ကြားရတဲ့သူတိုင်းကို ခန္ဓာကိုယ်
သိမ့်ခနဲ့ဖြစ်သွားစေပြီး ရင်တုန်သွားစေကာ
မျက်စီမျက်နှာပျက်၍ လှုတ်လှုတ်သဲသဲဖြစ်
သွားကြလေ၏။

သို့ပေမဲ့....တည်စေရာမိုင် မပါချေ။

မွေးရာပါ သတ္တိကိုအရည်ကျိုသောက်လာတဲ့
သူတစ်ယောက်မို့ သေနတ်အချိန်ခံထားရပြီး
ကြောက်အောင်ခြောက်ပြတာမျိုးက ကလေး
ကလားသိပ်ဆန်လွန်းတယ်မလား...။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now