Chapter 83

2.3K 507 15
                                    


Chapter 83: Friendship

ထောင်ထဲ၌ လျှောက်သွားရန်အခွင့်ရေးသိပ်မရှိသော်လည်း အုပ်စုထဲမှာ ခေါင်းဆောင်အကိုကြီးတော့ ရှိသေးသည်။ အချိန်တိုင်း ရုတ်ရုတ်သဲသဲဖြစ်လျှင် သူတို့ကြောင့်ပင်။

ဒါကလည်း ဟိုလိုလို ဒီလိုလိုနှိပ်စက်တာလည်းပါပြီး ပြဿနာလိုက်ရှာတတ်ကြသည်။
ဘာကြောင့်ပဲဖြစ်ဖြစ် သူတို့မှာဘာအလုပ်မရှိတာမို့ဖြစ်၏။

ထောင်စောင့်များက ထိုကိစ္စတွေဆို ထုံးစံအတိုင်းမျက်ကွယ်ပြုထားတာမို့ အားနည်းသူ‌တွေ အနိုင်ကျင့်ခံရတာ သဘာဝပင်။

စုမင်ဇာတ်ကောင်က လူသစ်ဖြစ်ပြီး ကော်ရစ်ဒါတစ်လျှောက် လမ်းလျှောက်နေစဉ် ထောင်သားများ၏အာရုံဖမ်းစားမှုကို ရရှိခဲ့ကာ မကြာ ပစ်မှတ်ထားခံရတော့သည်။

ဤဘာမှန်းမသိတဲ့အကျဉ်းထောင်သည် အမျိုးသားထောင်သာဖြစ်ပြီး ပြောရရင် မိန်းမတစ်ယောက်မှမရှိတာမို့ မြက်ပင်တွေတောင်နှစ်သက်စရာကောင်းသလိုတောင် ဖြစ်ပုံပေါ်၏။

အထူးသဖြင့် ရုပ်ရည်ချောမောသူအတွက် ဤကိစ္စမျိုးဖြစ်သည်။

အကိုကြီးသည် ထမင်းစားချိန်၌ သူ့ကိုတွေ့သည့်အခါ မလွတ်တမ်းကြည့်ကာ  စုမင်ကို သူနှင့်အတူ ပြန်ခေါ်ရန် ဆုံးဖြတ်လိုက်သည်။ ထောင်စောင့်တွေက လေးလေးနက်နက်မထားတာကြောင့် လမ်းတလျှောက်မှာပဲ စုမင်သေဆုံးခဲ့ရသည်။

သူဘယ်လိုသေခဲ့သလဲဆိုတော့ သူသိတာဆိုလို့ ကော်ရစ်ဒါလမ်းမှ မီးတွေအကုန်လုံးရုတ်တရက်ပိတ်မှောင်သွားပြီး ပြန်ပွင့်လာတဲ့အခါ သူပျောက်သွားနှင့်နေပြီ။

အပေါ်ယံအရ သူပျောက်သာပျော်ကွယ်သွားသော်လည်း horrorရုပ်ရှင်၏ပင်ကိုဆိုရလျှင် သူသေပြီးနေပြီဖြစ်သည်။

ကားရုတ်ခြည်းရပ်တန့်သွား၏။

စုမင်ကို ကားပေါ်ကခေါ်ထုတ်ခဲ့ကြသည်။ ရဲအရာရှိ‌တွေ သူ့အပေါ်မကြမ်းတမ်းရသည်မှာ သူကြည့်ကောင်းချောမောတာ‌မို့ဖြစ်နိုင်သည်။ သူတို့သဘောထားကတော့ ဘယ်လိုပဲဖြစ်ဖြစ် သိပ်မကောင်းပေ။

ယခု သူထောင်ကိုရောက်လာလေသည်။

ထောင်စောင့်ရောက်လာပြီး စုမင်လက်ထိပ်ကိုဆွဲရင်း ခက်ထန်စွာပြော၏ .."သူတို့နောက်မြန်မြန်လိုက်သွားစမ်း"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now