မိုးဒီပ(Arc -7.4)

9.3K 762 23
                                    

<Unicode>
"အဟမ်း ထုတ် ထုတ်မှာပါ ဒါပေမယ့်ကိုနိုင်ကအလုပ်လုပ်တာတော်တော့လေ အဟမ်း ထုတ်ပစ်ဖို့ခက်နေတာပါ အဟင်း"

"မနန်းမြင့်မို ကြည့်ရတာချောင်းဆိုးပီးချွဲကြပ်နေပုံရတယ် ကျနော်တို့ရွာမှာဆိုချောင်းဆိုးရင်ခွေးသေးပန်းကိုအရည်ညစ်သောက်ရတယ် ဒါပေမယ့်မြို့မှာကခွေးသန်းပန်းရွက်ကရှားတော့ ခွေးသေးအစစ်သောက်ကြည့်ပါလား ပိုအာနိသင်ရှိမယ်ထင်တယ်"

"ရှင်!!"

"ကျနော်ကစေတနာပြောတာပါ ကျနော်ကနုံတယ်လေ ခဗျားလဲသိပါတယ် သိလို့ပဲကျုပ်လင်ကိုခဗျားဖြတ်ခုတ်ထားတာပဲကို နော့်"

"ဒီမှာ ငါတို့ကအခုအလုပ်ကိစ္စပြောနေတာ နင်ဝင်မပါနဲ့ နင့်လိုတောသားကစီးပွားရေးအကြောင်းနားမှနားမလည်ပဲ ဝေးဝေးသွားစမ်းပါ"

ဒုန်းး

"ဒီမှာမနန်းမြင့်မို!ကျုပ်ရုံးခန်းထဲထိလာပီး ကျုပ်လူကိုလာစော်ကားနေတာမိန်းမဖြစ်နေလဲကျုပ်ကညှာမှာမဟုတ်ဘူး ထွက်သွားရမဲ့သူကခဗျား!!"

"ကို ကိုမိုးထက်ရှိုင်းစကားကဘာစကားလဲ အဲ့ကောင်ကတစ်ခုလပ်တောသားနော် ဘာလို့သူ့ဘက်ကကာကွယ်ပီးကျမလိုလူကိုလာအော်နေရတာလဲ"

"တစ်ခုလပ်ဖြစ်အောင်ဘယ်သူကလုပ်တာလဲ သူ့ဘာသာတစ်ခုလပ်မက ဘာကြီးပဲဖစ်နေနေ မိုးဒီပကကျုပ်လက်ထပ်ယူမယ့်သူပဲ ခဗျားကိုကျုပ်လုံခြုံရေးခေါ်ပီးဆွဲအထုတ်စေချင်ရင်အခုထွက်သွားတော့!!!"

"တောက်စ်!"

နန်းမြင့်မိုကတောက်ခေါက်ကာအခန်းထဲကထွက်သွားတော့သည်။မသွားခင်ဒီပကလျှာထုတ်ပီးပြောင်လိုက်သေးတာမို့ဒေါသထွက်မဆုံးဖြစ်နေတော့သည်။

"အဟင့် ဟင့်"

"အသက် ငိုနေတာလား မော့ပါအုံး!"

ခေါင်းငုံ့ကာရှိုက်သံလေးတေထွက်နေတဲ့ဒီပကြောင့်ရှိုင်းထူပူသွားသည်။

"အသက် ကိုယ့်ကိုကြည့်ပါအုံးကွာ ဘာလို့ငိုနေတာလဲ ကိုယ်ပြောလိုက်တဲ့စကားကြောင့်လား"

ဒီပကခေါင်းခါကာဆက်ငိုနေတော့....

"ဒါဆိုဘာဖြစ်လို့လဲ ကိုယ့်ကိုပြောပါကွာ ကိုယ်ရင်ကွဲတာမြင်ချင်လို့လား"

Love System (Completed)Where stories live. Discover now