Chapter - 23 (Part 1)

465 79 4
                                    

Unicode

ဒီနေ့ ပြောင်းလိုက်တဲ့ ဂျူတီအပြောင်းအရွှေ့ကို အခွင့်ကောင်းယူပြီး​တော့ ဥရောပဘဏ်ကနေ ငါ စောစောထွက်လာလိုက်ကာ မှောင်ရိပ်ကျနေတဲ့ အခြေအနေကို စောင့်ကြည့်ဖို့အတွက် ​ကျောင်းကုန်းဇီရဲ့ကုမ္ပဏီကို သွားခဲ့တယ်။

​ကျောင်းကုန်းဇီရဲ့ အမူအရာက အရမ်းမကောင်းဘဲ မှောင်မိုက်​နေတယ်။ သူက စကားတစ်ခွန်းမှမပြောဘဲ ရုံးစားပွဲရှေ့မှာ ထိုင်ကာ ဖုန်းကို ​ငေးစိုက်ကြည့်နေတယ်။ ​ဟောင်တာ့က သူ့နာမည်ကို ကြိမ်ဖန်များစွာ မဝံ့မရဲခေါ်​နေပေမယ့် သူက ကြားပုံမပေါ်ဘူး။

"​ကျောင်းကုန်းဇီ!" ​ဟောင်တာ့မှာ အသံကို မြှင့်လိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။

​ကျောင်းကုန်းဇီက လက်ရှိအ​ခြေအ​နေကို ပြန်လည်​ရောက်ရှိလာပြီး သူ့ကို ကျိန်ဆဲလိုက်တယ်, "မင်းက ဘာလို့ အော်နေတာလဲ?!"

ဒါက ပုံမှန်​ကျောင်းကုန်းဇီပါပဲ။

​ကျောင်းကုန်းဇီက မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်, "ဘာလဲ?"

​ဟောင်တာ့က မဝံ့မရဲနဲ့ ပြောတယ်, "​အဲ့ဒါက, ကျောင်းကုန်းဇီ, ဆရာ ကျွန်​တော့်ကို လုပ်ခိုင်းထားတာ ပြီးသွားပါပြီ"

​ကျောင်းကုန်းဇီက မျက်ခုံးပင့်လိုက်တယ်, "အိုး"

​ဟောင်တာ့က ဂရုတစိုက်နဲ့ မေးတယ်, "ဆရာ, ဒီအကြောင်းကို မစ္စတာကျူးကို မပြောရသေးဘူး မဟုတ်လား?"

​ကျောင်းကုန်းဇီက သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်တယ်။ ဒါက သူ့ကို ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်သွား​စေတဲ့အထိ ကြောက်ရွံ့စေခဲ့တယ်, "မ - မဟုတ်ဘူး...မဟုတ်ဘူး, ကျွန်​တော်က မစ္စတာကျူးနဲ့ ဆရာ ရှင်းရှင်းလင်းလင်းပြောလိုက်မယ်ဆိုရင် အကောင်းဆုံးဖြစ်သွားလိမ့်မယ်လို့ ဆိုလိုတာပါ"

​ကျောင်းကုန်းဇီက သူ့လည်စည်းကို ဆွဲကိုင်လိုက်ပြီး ကြမ်းတမ်းစွာပြောတယ်, " ဒီတစ်ခါတော့ မင်း တတိယလူကို ပြောရဲတယ်ဆိုရင် ငါ မင်းခေါင်းကို သေနတ်နဲ့ပစ်လိုက်မယ်"

​ဟောင်တာ့က ထိတ်လန့်တကြားနဲ့ လက်ကိုမြှောက်လိုက်တယ်, "ကျွန်​တော် ဘာမှမပြောပါဘူး, ကျွန်​တော် သေချာပေါက် မပြောဘူး, ကျွန်​တော် ဘယ်သူ့ကိုမှ မပြောဘူး!"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now