Part 42 (Uni+Zawgyi)

5K 179 14
                                    

Uni

"အင့် ..."

​​"အော် သား​လေး နိုးပြီလား "

"ဖေ​ဖေ့"

"ဗျာ"

"သားက ညတုန်းက အလယ်မှာ အိပ်တာ​လေ ဘာလို့ ​ဘေး​ရောက်​နေတာလဲ"

အ​စော ကြီးအိပ်ပြီး အ​စောကြီး နိုးလာတဲ့ သား​လေးရဲ့မ​ကျေနပ်သံ ။ အရင်ရက်​တွေတုန်းက ​ခေတ်က ​စော​စော နိုး​နေတာမို့ သူအလယ်​ရောက်တာ ကိုမသိတာ ။ အခု ​တော့ သူဘယ်လို အလယ်​ရောက်သွားလည်းမေးခွန်းထုတ်ပြီ​လေ။

"အဲ့ဒါသားဒယ်ဒီကို ​မေးကြည့် "

ညက သား​လေးက ​ခေတ်နဲ့​မောင့်ရဲ့ အလယ်မှာ ​။ မောင်က သားကို ညတိုင်း ပုံပြင် ဖတ်ပြ၏ ။ ​ခေတ်က​တော့ သား​လေးကို ရင်ခွင်ထဲထည့်ပြီး ဖင်​လေး ပုတ်​ပေးပြီး သိပ်ရတာ​ပေါ့ ။ ​ခေတ်တို့ရဲ့ ​ပျော်ရွှင်ဖွယ်  family time ​လေး​​​ပေါ့ ။ သားအဖ သုံး ယောက်က ည အိပ်ချိန်​လေးပဲ နီးနီးကပ်ကပ်​နေရတာမို့  ။ မနက်ဆို သား​လေးက ​​ကျောင်း ၊ ​မောင်က အလုပ် ၊ ​ခေတ်ကလည်း အလုပ်နဲ့ မ​တွေ့ရ။ ညအချိန် ​လေးက​တော့ ရသ​လောက် သား​လေးကို ​မောင်​ကော ​ခေတ်​ကော အချိန်​ပေးပြီး သား​လေး လုပ်ချင်တာ စိတ်ရှည် လက်ရှည် ဖြည့်စီး​ပေးကြတာ ။ ဒါ​ပေမယ့် သား​လေး အိပ်ရင် ​မောင် ​က သားကို ခေတ်​ဘေး ပို့ပြီး ​ခေတ်ကို သူ့ရင်ခွင်ထဲ ထည့်ပြီး ကလူအိသို့ မြူအိသို့ ​တွေ လုပ်တာ​ပေါ့ ။ သား​လေးအိပ်ချိန်ဆို ​မောင်​ရွှေဘုန်းတို့ကဲချိန်​ပေါ့ ။

"ဒယ်ဒီ !!!"

အိပ်​ပျော်​နေတဲ့ ဒယ်ဒီ့ကို ပြသနာ ရှာ​တော့မယ့် သား​ပေါက်စပါ ။ အတင်း​တွေနှိုး​တော့ ​ရွှေဘုန်း မျက်စိကို အတင်းဖွင့်ကာ ။

"သား​လေး ဘာဖြစ်လို့လဲ"

"သားက ညတုန်းက အလယ်မှာ အိပ်တာ​လေ
အခု ​ဖေ​ဖေ့​ဘေး ​ရောက်​နေလို့ "

"ခစ်ခစ် ..."

​ခေတ်ထရယ်​​တော့သည် ။ သားရဲ့ စကားကို ​မောင်က တိကျတဲ့အ​ဖြေ​ပေးရ​တော့မယ်​လေ ။ ​မောင် က ​ခေတ်ဘက်ကိုဘယ်လို ​ပြောရမလဲဆိုတဲ့ သ​ဘောနဲ့လှမ်းကြည့်၏။

Forever Together  (Completed)Where stories live. Discover now