Chapter - 41

11.8K 772 92
                                    

၄ နှစ်ခန့်ကြာသော် ~~~

အချိန်နာရီစက်ဝန်းကြီးက နွေ ၊ မိုး ၊ ဆောင်း ဥတုသုံးပါစလုံး၌ စည်းချက်ကျကျလည်ပတ်နေပြီး ရပ်တန့်နေခြင်းမရှိခြေ ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄ နှစ်သာဆိုတဲ့ကာလကြီး ကုန်ဆုံးလို့သွားလေသည်  ။ 

အချိန်ကာလတွေပြောင်း ရာသီတွေပြောင်းလဲသွားပေမဲ့ လူတစ်ယောက်ရဲ့နှလုံးသားထဲက  တစ်စုံတစ်ယောက်ပြန်အလာကို စောင့်မျှော်နေတဲ့စိတ်ကတော့ ပြောင်းလဲမသွားခဲ့ပေ ။

" ဒီနှစ်ရဲ့ အထူးချွန်ဆုံးနဲ့ အအောင်မြင်ဆုံး ထိပ်တန်းစားရင်းဝင် Yမြို့ရဲ့တစ်ဦးတည်းသော လုပ်ငန်းရှင်ကြီး Mr.ဧကရာဇ်မောင်ကို ဖိတ်ခေါ်ပါတယ် "

ထိပ်တန်း Tv လိုင်းတစ်ခုရဲ့ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ ' အနာဂတ်ရဲ့ကြယ်ပွင့်လေးများ ' အစီအစဉ်မှာ ဖိတ်ကြားခံထားရတဲ့ သခင်ကြီး ဧကရာဇ်မောင်ဟာ စင်မြင့်ထက်သို့ ခန့်ညားစွာဖြင့် လျှောက်လှမ်းလို့လာသည် ။ ထိုအစီအစဉ်ဟာ မျိုးဆက်သစ်လူငယ်တွေရဲ့ ပြိုင်ဆိုင်လိုစိတ် ပြင်းပြစေရန်အတွက် ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်ကြီးတွေရဲ့ နည်းပေးညွှန်ကြားမှုတွေနဲ့အတူ ပြိုင်ပွဲတွေယှဉ်ပြိုင်ရသည့်အစီအစဉ်တစ်ခုဖြစ်သည် ။

ဒီအပတ်ပြိုင်ပွဲ၌ ဧကရာဇ်မောင်ဟာ ဒိုင်တစ်ယောက်အဖြစ် ပါဝင်ပေးရပြီး လူငယ်တွေကို သင်ပြပေးကာ ယှဉ်ပြိုင်ပွဲတွေကို အဆုံးအဖြတ်ပေးရမည့် အထူးဧည့်သည်တစ်ယောက်ဖြစ်သည် ။

အချိန်တွေပြောင်းလဲလာတာနဲ့အမျှ ကမ္ဘာကြီးဟာ ခေတ်မှီဖွံ့ဖြိုးလာပြီး အဆင့်အတန်းခွဲခြားမှု​တွေလျော့ကျဖို့အတွက် ' အနာဂတ်ကြယ်ပွင့်လေးများ ' အစီအစဉ်က ပတ်ဝန်ကျင်မှာရှိတဲ့ ထက်မြတ်တဲ့လူငယ်တိုင်း ဝင်ပြိုင်ခွင့်ပေးထားသည် ။ သာမာန်လူတန်းစားနဲ့ အဆင့်မြင့်အတိုင်းအဝိုင်းကလူတွေ ထိပ်တိုက်တွေ့ဆုံရပြီး အောင်မြင်မှုအတွက် အားပြိုင်ရသည့်အစီအစဉ်တစ်ခုလဲဖြစ်သည် ။

" ပြီးခဲ့တဲ့အပတ်က အနိုင်ရရှိခဲ့တဲ့ လူငယ်တွေ စင်မြင့်ပေါ်သို့တက်ရောက်ပေးပါ "

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now