အခန်း(1)

58K 2.5K 46
                                    

"သားရယ်​ sister​တော့ ဘယ်​လို လုပ်​ရမှန်း​တောင်​မသိ​တော့ပါဘူး"

ရနံ့ သူ့​ရှေ့မှာ ငို​နေတဲ့ sisterကြီးကိုကြည့်​ပြီး ရနံ့ ဘယ်​လိုနှစ်​သိမ့်​​ပေးရမှန်းမသိ​တော့ဘူး ရနံ့ ကိုယ်​တိုင်​လဲ ဘာမှမလုပ်​​ပေးနိုင်​တဲ့အတွက်​ အရမ်းဝမ်းနည်း​နေမိတယ်

ရနံ့ ချစ်​သူ ဆိုတဲ့ သူက ငယ်​ငယ်​​လေးကတည်း ဒီရနံ့ ဆိုတဲ့ မိဘမဲ့​ဂေဟာရဲ့ sisters​တွေ လက်​ထဲမှာကြီးပြင်းလာရတာ​လေ ဒီ​ဂေဟာကို စတည်​​ထောင်​တဲ့ အချိန်​မှာ ပထမဆုံး​ရောက်​လာတဲ့ က​လေး​လေးမလို့ ရနံ့ကိုလည်း sisterတို့ကိုယ်​တိုင်​ ရနံ့ချစ်​သူ ဆိုပြီး နာမည်​​ပေးခဲ့တာ​လေ အဲဒါ​ကြောင့်​လည်း ရနံ့ကိုယ်​တိုင်​ လည်း ဒီ​ဂေဟာကို အရမ်းကိုတွယ်​တာ​နေပြီး ခုအသက်​20​ရောက်​ပြီး ဘွဲ့ရပြီးတဲ့ ထိ အပြင်​​လောကကို မထွက်​ပဲ ဒီ ​ဂေဟာ​လေးမှာ ညီ​လေး ညီမ​လေး​တွေကို ကူထိန်း​ပေးရင်း စာသင်​​ပေးရင်းပဲ ရနံ့ အချိန်​​တွေကို ကုန်​ဆုံးခဲ့တာ​လေ

ခု ရနံ့တို့​ဂေဟာရဲ့ အသက်​အကြီးဆုံး ရနံ့ရဲ့ ​မွေးစား​ဖေ​ဖေက အသည်းကင်​ဆာ ဖြစ်​​နေတာမလို့ ရနံ့ တို့​ဆေးရုံတက်​ဖို့အ​ရေးတကြီးလိုအပ်​လာပြီ​လေ ဓာတ်​ကင်​တာတို့ ​ဆေးသွင်းတာတို့ အတွက်​ ပိုက်​ဆံ​တွေအများကြီး ကုန်​ကျမှာသိပင်​မယ့်​ ရနံ့တို့လက်​ထဲမှာ ပိုက်​ဆံအများကြီး မရှိ​တော့ ရနံ့တို့ ​ဂေဟာတစ်​ခုလုံး စိတ်​ဆင်းရဲ​နေရတာ​ပေါ့

"ရနံ့ အပြင်​မှာ အလုပ်​ရှာကြည့်​လိုက်​မယ်​ ​father အတွက်​အနည့်းဆုံး​ဆေးဖိုး​တော့ ရတာ​ပေါ့"

"မဖြစ်​​သေးပါဘူး သားရယ်​ သားရဲ့ပုံစံ​လေးနဲ့ sisterတို့ စိတ်​မချပါဘူး"

Sisterတို့​ပြောလည်း ​ပြော​လောက်​​အောင်​ ရနံ့က ​ယောက်​ကျား​လေးတန်​မယ့်​ အရမ်းကို နုဖက်​လွန်းအားကြီးတယ်​ အရပ်​က ငါး​ပေငါး​လောက်​ပဲရှိပြီး အသား​ရေက ဝင်းအိ​နေ​တော့တယ်​ အလုပ်​ကြမ်းဘယ်​​လောက်​လုပ်​လုပ်​ နုအိ​နေတဲ့ လက်​ဖဝါး​လေး​တွေ ဖြူဝင်း​နေတဲ့ ​ခြေ​ထောက်​​လေး​တွေ ပန်း​ရောင်​သန်း​နေတဲ့ မျက်​နှာဝင်းဝင်း​လေး​တွေက ရနံ့ကို tomboyတစ်​​ယောက်​လို့ ​တောင်​ထင်​​စေတယ်​​လေ ပြီး​တော့ ဆံပင်​အညို ​ပျော့စင်းစင်း​လေး​တွေ​ကို နဖူး​ပေါ်ခပ်​အုပ်​အုပ်​​လေး ချထားတာ​ကြောင့်​ ရနံ့ အသက်​20ရှိပြီလို့ ​ပြောရင်​ ဘယ်​သူမှမယုံကြည်​​အောင်​ ရနံ့ က နုဖက်​​နေ​အောင်​ လှလွန်းတယ်

babies လေးတို့ရဲ့ daddy babies ​လေးတို့ရဲ့ daddyWhere stories live. Discover now