Part-3

4.7K 351 16
                                    

<Unicode>
တီးးး  တီးး  တီးး

ကောင်းမွန်လွန်းလှသည့်ကျောင်းပိတ်ရက်
အိပ်ချိန်လေးကိုဖြိုခွင်းလိုက်သည့် ဟွန်းသံ။
ထယ်ယောင်းစိတ်ပေါက်ပေါက်ဖြင့်
ခေါင်းစုတ်ဖွာဖြင့်ထထိုင်လိုက်သည်။

တင်း!

ရုတ်တရက်ဝင်လာသည့်စာတစ်စောင့်ကြောင့်
ဖုန်းအားယူပြီး မျက်လုံးပွတ်ကာ
အိပ်ချင်မူးတူးဖြင့်ကြည့်လိုက်သည်။

/ဆယ်မိနစ်အတွင်းအဝတ်အစားလဲပြီးဆင်းလာခဲ့Honey/

ထယ်ယောင်း၏မျက်လုံးအစုံမှာပြူးကျယ်သွားသည်။
ရေချိုးခန်းထဲအမြန်ပြေးဝင်သွားပြီး
ရေချိုး သန့်ရှင်းရေးလုပ်ကာ
အဝတ်အစားလဲပြီး အောက်ထပ်သို့ပြေးဆင်းလာတော့
ဧည့်ခန်းထဲတွင် TVကြည့်နေသည့်မာတာမိခင်နှင့်စုံသည်။

"ဘယ်လည်းသား
စောစောစီးစီး"

"အာ..ဟို..သူငယ်ချင်းနဲ့သွားတွေ့မလို့ပါ"

"မနက်စာမစားသွားတော့ဘူးလာ"

"မစားတော့ဘူးမေမေ"

အလျင်စလိုဖြင့်ပြေးထွက်သွားသောသားကြောင့်
ခေါင်းအသာရမ်းကာTVကိုပင်ပြန်ဆက်ကြည့်နေလိုက်သည်။

"5minနောက်ကျတယ်Honey"

အနက်ရောင်လက်ရှည်အပွနှင့်
ဂျင်းဒူးပြဲအနက်ကိုတွဲဝတ်ထားသောမိစ္ဆာကောင်။
ထုံးစံအတိုင်း နှုတ်ခမ်းထက်တွင်စီးကရက်ကိုတေ့လိုက်တော့
ထယ်ယောင်းအပြေးတစ်ပိုင်းဖြင့်အနားသို့ပြေးသွားပြီး
သူ့အတွက်ဆောင်ထားသည့်မီးခြစ်ဖြင့်
ဆေးလိပ်အားမီးညှိပေးလိုက်သည်။
မိစ္ဆာကောင်၏ကျေနပ်သောအပြုံးမှာထင်းခနဲပင်။

"မေမေနဲ့စကားပြောနေလို့ပါ
တောင်းပန်ပါတယ်"

"နောက်တစ်ခါမဖြစ်စေနဲ့"

ဆေးလိပ်အငွေ့များဖြင့်
ထယ်ယောင်းမျက်နှာကိုမှုတ်ထုတ်လိုက်သောကြောင့်
ထယ်ယောင်းမှာမျက်နှာလွှဲမရဲပဲ
အသက်ရှူအောင့်ထားလိုက်သည်။

"ဒီနေ့တစ်နေရာသွားကြမယ်"

ခွင့်ပြုချက်ပင်မတောင်းပဲ
ဆိုင်ကယ်ပေါ်တင်ထားသော
သူ့ဆိုင်ကယ်ဦးထုပ်အားယူကာ
ထယ်ယောင်းအားဂရုတစိုက်ဆောင်းပေးနေသည်။

Loading..Where stories live. Discover now