Chapter...21

28K 1.7K 82
                                    

ရှေ့တည့်တည့်သို့ ပစ်ဝင်လာတဲ့ဘောလုံးရဲ့
အရှိန်ကြောင့် နေရာကနေတစ်ဖဝါးမှမခွာ
နိင်သေးချိန်မှာပင် နောက်ကျလို့သွားခဲ့၏။

အတွေးပေါင်းစုံဝင်လို့ သက်ပြင်းကိုချ စိတ်
အလိုမကျတာကြောင့် မည်သူကိုမှအကောင်း
မမြင်နိင်ချိန်တဲ့ အချိန်လေးအပိုင်းအခြားတစ်ခုကြား ကာလတစ်ခုလေးမှာတင် သေ
ချာသည်က ရှေ့တည့်တည့်ကနေ အရှိန်နဲ့
ဝင်လာတဲ့ဘောလုံးရဲ့ ပစ်မှတ်ကသူပင်။

ဖြစ်ချင်ရာဖြစ်စေတော့ဆိုတဲ့ စိတ်ဖြင့်မျက်
ဝန်းကိုစုံမှိတ်၍ မျက်နှာလေးကိုရှုံမဲ့ချလိုက်
လေ၏။

ထိုဖြစ်စဥ်နဲ့အတူ အားကစားကွင်းထဲကကစားနေတဲ့ ကျောင်းသားတွေရဲ့လုံးထွေးစု
ရုံး၍အပျော်ကြီးပျော်နေကြတဲ့ အသံတွေက
ဟာခနဲ့၊ဟင်ခနဲ့ဖြစ်ကာ ပါးစပ်အဟောင်း
သားတွေဖြစ်သွားကြ၏။

!ဘုတ်!

ထိမှန်တဲ့လက်စပြင်းတာကြောင့် အထိနာလိမ့်မည်ဟု တွေးထင်ခဲ့ပေမဲ့ တကယ်တမ်းတော့ ထိုဘောလုံးရဲ့ပစ်မှတ်ကသူမဟုတ်ခဲ့။

မျက်နှာချင်းဆိုင် အရှေ့မှကာရပ်ပေးလိုက်
ပြီး သာမာန်လူသာဆို အဝေးကအရှိန်နဲ့ဝင်
လာတဲ့အရှိန်ကြောင့် အင့်ခနဲ့ အသံတော့ထွက်နိင်ပေမဲ့ တစိုးတစီမျှ အသံလေးပင်မ
ထွက်ပဲ သူ့ကိုတော့မျက်စီဒေါက်ထောင့်လို့
စိုက်ကြည့်နေတဲ့ ခံစားချက်ကိုခံစားမိလိုက်
၏။

မျက်လုံးကို မဖွင့်ရဲဖွင့်ရဲ တွန့်ဆုတ်ရင်း ဖွင့်
လိုက်မိလေသော နားကလော်တဲ့စကားနဲ့အ
တူ ညကမလာတဲ့ဟိုတစ်ယောက်။

"လွမ်းနေတာလား...မိန်းမလေး"

"သေလိုက်ပါလား....မင်းကိုလွမ်းစရာစောက်
ကြောင်းမရှိဘူး...အဟက်! အခုကလည်းမင်း
ဘာသာလူစွမ်းကောင်းလုပ်တာနော်...ကျေး
ဇူးတင်မယ်တော့မမျှော်လင့်နဲ့"

ဟု ဘုဘောက်ပြန်ပြောမိသည့် ဆိုတာမျိုး
တွေက ခဏခဏ။ အနေမခက်...မျက်နှာမ
ငယ်ရအောင် နိူင်းက လှည့်ပတ်ကြံဖန်ပြော
ဆိုလိုက်၏။

ခပ်ဝေးဝေးက ကောင်းဆက်ဟိန်းတို့အုပ်စုက
နိူင်းရှေ့မှာ ပိတ်ရပ်လိုက်ပြီး ဘောလုံးကိုကိုယ်စားခံပေးလိုက်တဲ့သူကို မျက်နှာတော့
မမြင်ရသေးပေမဲ့ နောက်ကျောပြင်ကြီးနဲ့တင်
အန္တာရယ်အငွေ့အသက်ကိုခံစားလိုက်ရ၏။
နိူင်းနဲ့ ဘယ်လိုပတ်သက်နေလဲ ဆိုတဲ့အတွေး
နဲ့တင်နောက်ကျောမလုံချင်။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now