part 8

3.3K 301 8
                                    

ယနေ့တွင်တော့ အင်တာနက်ကြည့်ရှု သူကြား
လူပြောများနေသည်က မင်းသမီးမေဖူးငုံပွင့်
၏ အရှုတ်တော်ပုံဖြစ်သည်။

* စပွန်ဆာကြီးနဲ့တဲ့ဟေ! တစ်ယောက်ထဲ
မဟုတ်ဘူး *

* တွင်းဟောင်းရေကြည်မြေသည်တဲ့ ငါတို့က
တော့အမြဲတမ်း မေဖူးလေးဘက်ကဘဲ*

* အပေါ်ကတစ်ယောက်ရေ အဲ့ရေကြည်နင်ဘဲ
သောက် Aကိုက်နေမယ် *

* ချစ်သက်တို့ရှိုးပွဲတုန်းကလဲ သူများလင်နား
ရှယ်ကပ်တာနော် မျက်မြင်သက်သေကငါဘဲ
သေချာသိချင်ရင် 09***** ဆက်သွယ်ကြ*

အခန်းတစ်ခန်းထဲတွင်တော့

"တောက်!!ဒါတွေကဘယ်လိုဖြစ်တာလဲဟမ်!!
မေဖူးကုံပွင့် နင့်ကြောင့်ငါတို့ကုမ္ပဏီနာမည်
ပျက်တယ် နင်အဲ့လောက်ရွရလား"

" သူဌေး ရှင်လဲမိန်းကလေးဘဲလေ ကျမကို
တော့ခုလိုမပြောသင့်ဘူးရှင့်ဘက်ကသာ
ထောက်ပံ့မှူအပြည့်ဝပေးရင် ကျမခုလိုတွေ
လုပ်စရာမလိုဘူး"

" ငါကမပေးဘူးပေါ့ ဒါဆိုနင်နေတဲ့တိုက်နဲ့ကား
တွေလူယုံတွေမန်နေဂျာတွေကဘာလဲ
ငါ့ကုမ္ပဏီကလူတိုင်ကိုငါကအပြည့်ဝကာကွယ်
ပေးပြီးသားအကုန်ဖြည့်စည်းပေးပြီးသား
နင့်ဘာနင်ရွထလို့ခုလိုတွေသတင်းထွက်လာတာ နင်သွားပတ်သတ်တဲ့လူက တော်ရုံလူမ
ဟုတ်ဘူးလို့ငါသတိပေးထားရပ်နဲ့ တောက်!"

"အဲ့တော့ ရှင်ကအခုကျမကိုထုတ်ပစ်မယ်ပေါ့
ဒါဆိုရင်တော့ နစ်နာကြေးပေးရမယ်နော်"

" ဟက် စာချုပ်ထဲကတိုင်းဆိုနစ်နာကြေးက
သိန်း၃၀ဘဲ ငါပေးမယ် ငါ့ကုမ္ပဏီမှာနင့်လို
လူမျိုးမထားဘူး"

"တောက်!!"

မေဖူးခဲဒေါသထွက်ပြီးထိုအခန်းထဲကထွက်လာ
လိုက်သည်။သူမကုမ္ပဏီအပြင်ရောက်တော်
အမျိုးသမီးတစ်ဦးကသူမထံပြေးလာကာ ဆံပင်
အားစောင့်ဆွဲပြီး...

" နင့်ကြောင့် နင့်ကြောင့်ငါ့ယောကျာ်း လျှာဖြတ်
ခံလိုက်ရတာ မယားငယ်မ!"

"အ...လွှတ်စမ်း ဘာတွေပြောနေတာလဲ"

ဘေးလူတွေကဝိုင်းဆွဲတာကြောင့်သူမလွတ်
သွားပြီးကားပေါ်တက်ကာထိုနေရာက
မောင်းထွက်လာလိုက်သည်။

ထာဝရထက်တစ်ရက်ပိုသည် / ထာဝရထက်တစ်ရက်ပိုသည် (Completed) Where stories live. Discover now