Chapter - 5

12.4K 1.9K 116
                                    

Unicode

ရုပ်ရှင်ဧကရာဇ် ရွေးချယ်လိုက်တဲ့နာမည်
_____________________________

အဲ့ဒီ variety showမှာ ပါဝင်ဖို့ကိစ္စကို ဂျန်ရှင်းဆွေ့ စဉ်းစားပြီးသွားပြီ။

သူအရင်ဘဝတုန်းက အမှားဆုံးကိစ္စကတော့ ကိုယ့်အသက်ကို တန်ဖိုးမထားပဲနဲ့ ဇာတ်လိုက်shouနဲ့ ပြိုင်ဆိုင်မိတာပဲ။ ဂျန်မိသားစုကို မခွဲခွာချင်ပဲနဲ့ သူ့အရင်လိုဘဝမျိုးကို ပြန်ရနိုင်သေးမယ် ထင်နေခဲ့တာ။ အဲ့တာကြောင့် အရင်ဘဝလိုမျိုး အဆုံးသတ်သွားရတာပေါ့။ အခုကနေစပြီး ဇာတ်လိုက်shouနဲ့ လိုက်မပြိုင်ပဲနဲ့ ဝေးဝေးရှောင်ရင် အဆင်ပြေလောက်ပြီမလား။

အဲ့တာမှ သူမလွတ်မြောက်သေးရင် ဒီvariety showထဲ ဝင်ပြီးတာနဲ့ ပိုက်ဆံနှစ်သောင်းယူပြီး ထွက်သွားတော့မယ်။ အဲ့အချိန်ရောက်တော့မှ တခြားအလုပ်ထပ်ရှာတော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရင်ဆုံး ငတ်မသေရင်ရပြီ။

auditionဖြေဖို့သွားနေတဲ့ကားထဲမှာ ဂျန်ရှင်းဆွေ့က ဝမ်ကောပြောတာကို နားထောင်လျက်ရှိတယ် "ဒီအခွင့်အရေးကို မင်းသေချာဆုပ်ကိုင်ထားရမယ်နော် ကြားလား? ဒီတစ်ခေါက် နည်းပြအဖြစ် ဖုကျင်းရှောင်းကို ဖိတ်ထားတယ်လို့ ငါပြောသံကြားတယ် အဲ့တာကဘာကိုရည်ညွှန်းတာလဲ......အဲ့တာကကျော်ကြားမှုကို ဖော်ပြနေတာပဲ! ဒီshowကသေချာပေါက်ကို ပေါက်မှာပဲ ဒီshowက တော်တော်ကို ကျော်ကြားလိမ့်မယ်ဆိုတာ ငါသေချာတယ် ဖုကျင်းရှောင်းရှိတဲ့နေရာက ဒီနှစ်ရဲ့နာမည်အကြီးဆုံး showဖြစ်မှာပဲ"

ဘာလို့နာမည်ကြီးမှာလဲ?

ဘယ်showမှာပဲဖြစ်ဖြစ် ဖုကျင်းရှောင်းနာမည်ကြားရင်ကို လုံးဝကျော်ကြားသွားလိမ့်မယ်။

ဂျန်ရှင်းဆွေ့ ရုတ်တရက် ကိစ္စတစ်ခုကိုစဉ်းစားမိသွားတယ် "ဒီတစ်ခေါက် auditionကို ဖုကောလာလောက်လား?"

ဒီမေးခွန်းက အေးဂျင့်ရဲ့ စိတ်ကူးယဉ်မှုတွေကို ရပ်တန့်သွားစေခဲ့တယ်။

ဝမ်ကောက ခေါင်းကုတ်လိုက်ပြီးတော့ ချီတုံချတုံဖြစ်စွာပြောတယ် "အဲ့တာက မဖြစ်နိုင်လောက်ဘူး ရုပ်ရှင်ဧကရာဇ်ဖု အရမ်းအလုပ်များတာ auditionလေးတစ်ခုအတွက် ဘယ်လိုလုပ်ပြီးလာပါ့မလဲ showစမှပဲလာလိမ့်မယ်ထင်တယ်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now