ဆိုဖာအထက်မှာ လှဲလျောင်းနေရင်း သူ့ရင်ခွင်ထဲမှာနစ်မြှုပ်နေသော သမီးငယ်၏မျက်နှာကို အနည်းငယ်ငဲ့ကြည့်သော်လည်း တအိီိအီနဲ့ငိုသံသဲ့သဲ့မှလွဲပြီး တခြားဘာမှကြည့်လို့မရအောင်ကို သမီးငယ်က သူ့ရင်ခွင်မှာမျက်နှာဝှက်ထားသည်။
အချိန်သည်လည်း ၂နာရီပင်ထိုးတော့မည်။ မနက်ဖြန် စျာပနကိစ္စကို စီစဥ်ရမည်မို့ ကျန်သေးတဲ့ဒီအချိန်လေးတော့ သမီးငယ်ကို အိပ်ပျော်သွားစေချင်သည်။ ထို့ကြောင့် သမီးငယ်၏ကျောပြင်သေးသေးလေးကို လက်ဖြင့်ပွတ်သပ်ပေးနေသည်ကလည်း အချိန်ပင်အတော်ကြာနေပြီဖြစ်သည်။
ဒီအချိန်မှာ သမီးငယ်ခံစားနေရသမျှက သူ့ထံသို့တိုက်ရိုက်ကူးစက်လို့နေသည်။ ထိုကြောင့်ပဲ ဤသို့ခံစားရစေသည့် အကြောင်းတရားတို့ကို သူလုံးဝလက်လွှတ်ပေးမှာမဟုတ်ပေ။
သူ့ဘဝမှာ အမျိုးသမီးနှစ်ယောက်ရဲ့ မျက်ရည်တွေကို မမြင်ချင်ခဲ့အဆုံးဖြစ်သော်လည်း အခုအခါမှာ ထိုအမျိုးသမီးနှစ်ယောက်လုံးသည် မျက်ရည်များကျနေပြီဖြစ်သည်။ ဒီအခြေအမှာ သူ့စိတ်တို့က အမြင့်ဆုံးအထိ ကြမ်းတမ်းနေသည်မှန်သော်လည်း သူသည်အတတ်နိုင်ဆုံးမြိုသိပ်ကာ အခြေအနေတွေကို တည်ငြိမ်အောင် လုပ်ဖို့ကြိုးစားနေသည်။
"ငယ်........"
ဆံနွယ်အရှည်တို့မြစ်ဖျားခံရာ ဦးခေါင်းလေးကို လက်ဖြင့်သပ်ပေးရင်း နူးညံ့စွာပင် သူခေါ်ဆိုသော်လည်း သမီးငယ်ဟာ ရှိုက်ငင်၍သာ ငြိမ်သက်နေသည်။
"မငိုနဲ့...။ ဒါတွေက ခဏပဲ။"
ချော့မော့ကာဖြင့် ပြောလိုက်သည့် ထိုခဏမှာ သမီးငယ်သည် သူ့ရင်ခွင်ထဲမှာငြိမ်သက်နေရာမှ သူ့ရင်ဘက်ပေါ်ကို တံတောင်ဖြင့်ထောက်ကာ သူ့အားကြည့်လာလေသည်။ ထိုသို့ကြည့်လာသော သမီးငယ်၏ မျက်ဝန်များကို သူ,မမြင်ချင်ပေ။
ဝမ်းနည်းမှုတွေလှိုင်နေသော ဒီလိုမျက်ဝန်းများအစား ယခင်ကလို တတ်ကြွပျော်ရွှင်နေသည့် မျက်ဝန်းများကိုသာ သူမြင်ချင်သည်။
"ဖေဖေနဲ့ မေမေကို ပြန်ခေါ်ပေးပါလား....ခေါ် ပေးနော်။ ခေါ်ပေးမယ်မလားဟင်......"
YOU ARE READING
အချစ်ဦး (Completed)