arc2.3

519 29 0
                                        

Top system

Arc2.3

ဇာတ်လိုက်..မင်ရှင်းချွင်
ဇာတ်လိုက်မ..တင်းရှန်ယွမ်
Host..မင်ရှင်းချိန်

ဟိုကိုရောက်တော့...
ပုံစံတူတွေဝတ်ထားကြတဲ့လူတစ်စုကို ရှင်းချိန်မြင်လိုက်ရသည်။ အားလုံးကမင်မိသားစုကိုကိုယ်စားပြုတဲ့ လိမ္မော်ရောင်ဝတ်စုံလေးတွေကို ဝတ်ဆင်ထားခဲ့သည်။

ရှင်းချိန်တစ်ယောက်တည်း အဖြူရောင်ဝတ်ရုံနဲ့ကွက်ကြားကြီး ဖြစ်နေခဲ့သည်။

"ဒုတိယသခင်လေး ရောက်လာပါပြီလား ဒါဆိုကျွန်တော်တို့သွားကြရအောင်.."

"အဲခန ကျွန်တော့်ရဲ့အဝတ်အစားတွေရော"

"အကုန်ပြင်ဆင်ထားပြီးပါပြီ သွားရုံပါပဲသခင်လေး.."

"အင်း အကိုရော.."

"အကိုကဒီမှာလေ.. ညီငယ် မတွေ့တာကြာတော့ဒီအကိုကိုမေ့နေပြီလား"

လိမ္မော်ရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့လူငယ်တစ်ယောက်က သူ့ကိုပြောလာသည်။

'ဇာတ်လိုက်ဆိုတဲ့အတိုင်းပါပဲလား'

"မဟုတ်ပါဘူး ကျွန်တော်ကအစ်ကို့ကိုမတွေ့မိလို့ပါ"

"ဟုတ်ပါပြီ လူဆုံပြီဆိုတော့သွားကြတာပေါ့"

"ဟုတ်ကဲ့ပါ အကြီးဆုံးသခင်လေး"

သူတို့ဟာအထုတ်အပိုးကိုယ်စီဖြင့် ထွက်ခွာလာခဲ့ကြသည်။ မင်ရှင်းချိန်ကလည်း ဘုမသိဘမသိဖြင့်လိုက်သွားခဲ့ရသည်။

သူတို့ဟာတစ်ပါတ်လောက် ခရီးဆက်ခဲ့ကြရပြီး (၈)ရက်မြှောက်နေ့မှာမှ ထိုက်ရန်ကျောင်းတော်ကိုရောက်ရှိလာကြသည်။ (ထိုက်ရန်...နေမင်း)

ဤတိုက်ကြီးထဲတွင် ကျောင်းပေါင်းများစွာရှိသော်လည်း အဓိကကျောင်းတော်ကြီးမှာ သုံးကျောင်းသာရှိသည်။ ထိုအရာတွေကတော့ ထိုက်ရန်ကျောင်းတော်၊ မိန်းနွီကျောင်းတော်နှင့်(မိန်းမလှလေးများကျောင်းတော်) ၊ ယင်းယန်ကျောင်းတော်တို့ဖြစ်သည်။

ကိုယ့်ရဲ့သည်းငယ်(or)အထက်ပုဂ္ဂိုလ်systemDonde viven las historias. Descúbrelo ahora