"ခွီး
" ဒီမှာခင်ဗျား ရီလို့မပြီးတော့ဘူးလား အရီလွန်ပြီလဲသေသွားအုံးမယ်
" ငါဘာသာရီရတာလေ မင်းပါးစပ်ငှားရီနေလို့လား
" ရတယ်တယ် ခင်ဗျား ဆက်ရီနေမယ်ဆိုရင် ကျုပ်လဲ ဖုန်းဆိုင်ဘယ်မှရှ်ိလဲဆိုတာပြောမပြနိုင်ဘူး
"မင်းအဲ့လိုမယုတ်မာနဲ့နော် ငါမရီရင်ပြီးရောမလား အခုလမ်းပြဘသွားမယ်
"ခင်ဗျားဘာလို့အဲ့လောက်တောင်ဖုန်းဆက်ချင်နေရတာလဲ မဟုတ်မှ ခင်ဗျားရည်းစားမလို့လား
ခွပ်ဒေါင်းမေးတာကိုမဖြေဘဲ အိတ်ထဲနိူက်ပြီရှာနေတဲ့သူကြောင့် သူအဖြေကိုစောင့်နေရတဲ့သူကအရူးကြီးကျနေတာဘဲ
"ဒီမှာခင်များရည်းစားလားလို့မေးနေတယ်တယ်လေ
"မဟုတ်ပါဘူး အဒေါ်ဆီဆက်မှာပါ
"ပြီးတာဘဲအဲ့တာဆို ကျုပ်နောက်ကလိုက်ခဲ့
နွေဦးလဲ အိတ်ထဲကဖုန်းနံပါတ်ရေးထားတဲ့စာရွက်ကလေးကိုကိုင်ပြီး ရှေ့ကလူနောက်လိုက်ရတော့သည် ။
ဘေးချင်းယှဉ်ရပ်လမ်းလျောက်နေရင်းနွေဦးဘေးကလူကိုကြည့်လိုက်တော့ ခြောက်ပေ ကျော်အရပ်ကြီးနဲ့ပုဆိုးကိုတိုတိုဝတ်ထားပြီ အကျီစွပ်ကျယ်နဲ့ စင်ကြယ်ဖိနပ်ကိုစီးတဲ့သူက တစ်မျိုးကြည့်ကောင်းတယ် ဘေးတစ်စောင်းမြင်နေရတဲ့မျက်ခုံးမွှေးထူထူနှာတံချွန်ချွန် စေ့စေ့ပိတ်ထားတဲ့နူတ်ခမ်းတစ်စုံ
ဆေးလိပ်တွေသောက်တာများလို့နေမှာနူတ်ခမ်းပါးတွေက ခရမ်းရောင်ဘက်သန်းနေသည်။ နက်မှောင်ပြီးခပ်အုပ်အုပ်ဆံပင်တွေကို လက်နဲ့လှန်တင်လိုက်တဲ့အချိန် နှဖူးပေါ်မှာချွေးစက်တွေကသီးနေပြီး ခမောက်နဲ့ လေရအောင်ခပ်လိုက်တဲ့အချိန် လွင့်ပျံသွားတဲ့ဆံပင်လေးတွေ မဖြူမညိုအသားအရည်နဲ့ မျက်ဆံနက်နက်တို့ကိုပိုင်ဆိုင်ထားတဲ့ကောင်လေးက တကယ်ကိုဆွဲဆောင်မူရှိတယ်။ ခမောက်နဲ့တစ်ခါ ယပ်ခတ်လိုက်တိုင်း လှုပ်ခါသွားတဲ့ လက်မောင်ကြွက်သားတွေက မိန်းကလေးတွေ ပစ်ကြွေချင်စရာကောင်းလောက်အောင်အထိ မိမိုက်လွန်းသည်။