အခန်း ၈

5.2K 520 25
                                    

" ကြီးကြီးဆီသွားမှာ ညိုလေးကို ခေါ်သွားစရာလိုလို့လား မြိုင် ။ "

ထမင်းစားခန်းထဲ၌ တစ်စုတစ်စည်းတည်း မနက်စာစားနေကြတဲ့ ကိုမြင့်မောင် မမမြိုင် ညိုလေးတို့ ၃ယောက်အနက်မှ ကိုမြင့်မောင်ဟာ မမမြိုင်အား အနည်းငယ်မျှမာသော လေသံဖြင့် ပြောလိုက်ခြင်းဖြစ်သည် ။

မမမြိုင်ကလည်း ဆတ်ဆတ်အထိမခံနိုင်သည့်သူဖြစ်လို့ ကိုမြင့်မောင်အား ငေါက်ကာပြောလိုက်ပြန်သည် ။

" အို ။ ရှင့်မယားကိုယ်တိုင်ကိုယ်က လိုက်ချင်နေတာလေ ။ ကျွန်မက ခေါ်တာလည်း မဟုတ် ။ "

" ဟုတ်ပါတယ် ကိုကိုမြင့်ရယ် ။ မမမြိုင် မရှိရင် စံအိမ်ထဲမှာ ကျွန်မတစ်ယောက်ထဲ နေရတာပျင်းလွန်းလို့ ။

ကျွန်မကိုယ်တိုင်ကပဲ မမမြိုင်အနောက်ကို လိုက်ချင်နေတာပါ ကိုကိုမြင့်ရယ် ။

ပြီးတော့ မမမြိုင်က ကျွန်မအတွက် ဆွယ်တာတွေလည်း ဝယ်ပေးဦးမှာလေ ။ ကျွန်မက စံအိမ်ထဲမှာဇိမ်နဲ့နေခဲ့လို့မှ မဖြစ်တာ ။ ကူသယ်ပေးရမှာပေါ့ ။ "

မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ညိုလေးကို မမမြိုင် လှည့်ကြည့်မိသည် ။ ကိုမြင့်မောင်ကတော့ အရှေ့က မုန့်ဟင်းခါးကို မစားမိပါ ။ ဇွန်းနဲ့သာ မွှေနေပေတော့သည် ။

မမမြိုင်လည်း ထိုနည်းတူစွာပင် ။

" မုန့်ဟင်းခါး သောက်လိုက်ပါဦး (စား) ကိုကိုမြင့်ရယ် ။ နို့မို့ဆို ပွကုန်လိမ့်မယ် ။

မမမြိုင်လည်း သောက်ပါ ။ ညိုလေးက မန္တလေးရဲ့လက်ရာကို အစွမ်းကုန်ချက်ထားတာလေ ။ သောက်လိုက်ပါနော် ။ "

တိတ်ဆိတ်နေတဲ့ ထိုသူနှစ်ယောက်ကို ညိုလေးမှာ အစွမ်းကုန်ကြိုးစားနေမိပြန်သည် ။

" ညိုလေး ။ ကိုကိုမြင့်အတွက် သတင်းစာလေး သွားယူပေးပါ ။ "

" ဟုတ် ။ ဟုတ် ကိုကိုမြင့် ။ "

ညိုလေးကို တမင်သက်သက် ပထုတ်လိုက်ခြင်းပင် ဖြစ်သည် ။ ညိုလေးလည်း ထမင်းစားခန်းအပြင်သို့ ထွက်သွားသည်နှင့် ကိုမြင့်မောင် စကားစချီတော့သည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now