အခန်း(၄၄)

1.4K 260 1
                                    

            <မုရုံဖုန်း၏ရည်ရွယ်ချက်>

ယခင်အခန်းဆီသို့ ဝမ်ရွှမ် မနားတမ်း လျှော
က်လာခဲ့သည်။ကုလားထိုင်ပေါ်တွင် ထိုင်နေဆဲဖြစ်သော မုရုံဖုန်းကို မြင်လိုက်မှ သူ့ဒေါသများက အတန်ငယ် လျော့ပါးသွားသည်။

"ကျင့်ကြံသူဝမ်"

မုရုံဖုန်းက သူ့ကို မေးလာ၏။

"ရှင် စဥ်းစားပြီးပြီလား?"

"ဟုတ်တယ်။ကျွန်တော် စဥ်းစားပြီးပြီ"

ဝမ်ရွှမ် ခေါင်းညိတ်ပြလိုက်သည်။

"မုရုံရှန်းကျစ်...တကယ် စိတ်မကောင်းပါဘူး။ကျွန်တော် မင်းရဲ့ တောင်းဆိုချက်ကို လက်မခံနိုင်ဘူး"

မုရုံဖုန်းမှာ အနည်းငယ် အံ့သြသွားရ၏။ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်အနေနှင့် ဤအဆောက်အအုံထဲ၌ ဖြစ်ပျက်နေသမျှသည် သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိစမြဲသာဖြစ်သည်။ဝမ်ရွှမ်နှင့် ကျန်းရီတို့၏ စကားဝိုင်းကိုလည်း သူမ ရှင်းရှင်းလ
င်းလင်း ကြားခဲ့သည်။ထိုစကားဝိုင်းတွင် ဝမ်
ရွှမ့်ပုံစံက လက်ခံတော့မည့် သဘောမျိုးသက်ရောက်နေသော်လည်း အဆုံးတွင် သူငြင်းဆန်ခဲ့သည်။

"ဘာကြောင့်လဲ?"

မုရုံဖုန်းက သူ့ကို မေး၏။

"ဒီကိစ္စသာ အကျိုးအမြတ်ပေါ်ပဲ မူတည်နေတယ်ဆိုရင်တော့ ကျွန်တော့်မှာ တကယ်ကို ငြင််းဆန်စရာ အကြောင်းအရင်း မရှိပါဘူး။မင်းသာ အခြားတစ်ခုကို တောင်းဆိုခဲ့မယ်ဆိုရင် ကျွန်တော် သဘောတူပေးလိုက်တာ ကြာပါပြီ"

ဝမ်ရွှမ်က ပြန်ဖြေပေးခဲ့သည်။

"ဒါပေမယ့် ထိမ်းမြားလက်ထပ်တာကတော့ အကျိုးအမြတ်အပေါ် မမှီခိုသင့်ဘူး"

မုရုံဖုန်းက ဝမ်ရွှမ့်ကို ကြည့်ရင်း ပြန်မေးလေ၏။

"ဒါဆိုရင် အဲ့တာက ဘာကို မှီခိုသင့်တာလဲ?"

ဝမ်ရွှမ်သည် တစ်ဖက်လူက ဤမျှ ပြတ်ပြတ်သားသား မေးလာလိမ့်မည်ဟု မထင်ထားသည့်အတွက် ပြောစရာစကားပါ ပျောက်သွားရသည်။ပြန်ဖြေပေးရန်တောင် အချိန်အတော်ယူလိုက်ရသည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now