part20(Unicode)

33.2K 3K 874
                                    

"မင်း...အယုတ်တမာ​ကောင်..."

"ခွပ်...."

အံ့ကြိတ်၍ ပြောဆိုသံနှင့်အတူ မျက်နှာတခြမ်းပူကနဲဖြစ်သွားရကာ လူကလည်ကျသွားရသည်။ဒေါနက ပုံလဲကျသွားသော သူ့ရင်ဘတ်အပေါ်တက်ခွ၍ အင်္ကျီရင်ဘတ်အစအား ခပ်ကြမ်းကြမ်းဆွဲဆုတ်ကိုင်ကာဖြင့် မျက်နှာပေါ်သို့ နောက်ထပ်လက်သီးတချက် ပစ်သွင်းသည်။လူကဘာမှလည်း ပြန်မပြောနိုင်ပဲ ပါးစောင်းထဲမှ စေးပျစ်၍ငံကျိသောအရသာကိုသာ သတိပြုမိလိုက်၏။

"အခုအချိန်အထိ စောက်ဒုက္ခပေးလို့ မပြီးသေးဘူးလားဟမ်..."

"...."

"ငါxိုး အခုထိအသိတရားမရတဲ့ကောင် အသေသတ်မှအေးမယ်..တောက်!..."

အချိန်တွေကြာသွားခဲ့တာတောင်မှ ဒေါသတွေကြီးကာ မုန်ယိုနေသည့် ဆင်ရိုင်းလိုမျိုး ရိုင်းစိုင်းကြမ်းတမ်းတက်သည့် ဒေါန၏ပုံစံက ပြောင်းလဲမသွားပါပေ။ဟိုးအရင်တုန်းကလို ကြမ်းတမ်းနေဆဲ။သူ့အတွက်တော့ ဟိုတုန်းကလို အရိုင်းဆန်စွာ ဆွဲဆောင်မှုရှိနေဆဲပင်။ထိုးကြိတ်ခံရ၍ အသိအာရုံတွေ ဝေဝါးနေတာတောင်မှပဲ ဒေါနဟာ သူ့အတွက်တော့ သဘောကျစရာကောင်းနေဆဲပင်။ရုန်းဖယ်ချင်စိတ်တို့လည်း အလျဥ်းမရှိနေပဲ အဲ့ဒီလူရဲ့လက်ထဲမှာ သူဟာ လောကကြီးတစ်ခုလုံးကို မေ့ပစ်လိုက်ချင်၏။
အဲ့ဒီမျက်ဝန်းထဲက အမုန်းမီးပင်လယ်ထဲမှာလည်း လက်ပစ်ကူးခတ်ချင်နေခဲ့၏။ဒေါန၏ စိတ်ထဲမှာ သူ့ရဲ့ဖြစ်တည်မှုဟာ အမုန်းတရာနှင့်အတူ တည်ရှိခွင့်ရနေတယ် ဆိုတာလေးကတောင် ကျေနပ်စရာကောင်းလွန်းနေပေပြီ။ဘယ်လိုဆိုးယုတ်မှုမျိုးနှင့်ပဲဖြစ်နေပါစေ ဒေါန၏မှတ်ဉာဏ်ထဲက တစ်ထောင့်တစ်နေရာမှာတော့ သူနေထိုင်ချင်လေသည်။ဒေါနနှင့်ပတ်သတ်လာလျှင် သူ့အတ္တတွေဟာ အဆိပ်တက်နေဆဲပင်။

"အမလေး ဘာတွေဖြစ်နေကြတာလဲ ဒေါန ဘာလုပ်တာလဲ ဖယ်စမ်း...."

"ဟဲ့ ဒေါန အမေပြောနေတယ် နင်ဖယ်စမ်းလို့...."

"ဒေါန စိတ်လျှော့ လွန်မယ်နော် ကလေး ကိုယ်ပြောတာနားထောင်စမ်း...."

အသိစိတ်တွေဝေဝါးနေရာမှ ဆူဆူညံညံအော်ဟစ်သံတွေ ဝရန်တာဆီသို့ တဝုန်းဝုန်းပြေးတက်လာသံတွေဖြင့် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်က လှုပ်လှုပ်ခတ်ခတ်ဖြစ်လို့လာသည်။သူ့ကိုယ်ပေါ်မှ ဒေါန၏ ကိုယ်ကြီးအား မေချိုရော စစ်နိုင်းရောက အတင်းဆွဲခွာဖယ်ချ၏။ဒေါသတွေကြီးနေသော ဒေါနအား စစ်နိုင်းက နောက်ကနေသိုင်းချုပ်ဖက်ပြီး ထိန်းထားသလို မေချိုကလည်း ဒေါနရုန်းထွက်လာမှာစိုး၍ သူ့၏ရှေ့မှ ကွယ်ရပ်လေသည်။

Wild  Rose(complete)Where stories live. Discover now