real life

9.8K 713 12
                                    

<Unicode>
"အိမ်ကနေကြိုဆိုပါတယ်သားလေး"

ဧည့်ခန်းထဲတွင် welcome home ဆိုတဲ့စာတန်းလေးချိတ်ထားပီးအဂူးတို့လင်လင်တို့ကပန်းလေးတစ်ပွင့်စီကိုက်ထားကာ သူတို့မွေးစားသားလေးဒက်ခ်လဲထိုင်နေပီးသူ့အားမိသားစုလိုက်ကြိုဆိုကြသည်။

"နွားသား ရေချိုးခန်းထဲဝင်ဖို့အကူငှါးပေးရအုံးမလား"

"ဒယ်ဒီကလဲ"

"ဘယ့်နှယ်မကြီးမငယ်ရေချိုးခန်းထဲများချော်လဲရတယ်လို့"

"မတော်တဆဆိုတာအသက်ကြီးငယ်မရွေးဘူးဒယ်ဒီရဲ့ ဟင့် အားနေနှာဘူးပဲထမနေနဲ့"

"ငါ့လင်ငါဘူးတာဘာဖြစ်လဲ!"

"ကဲ!တော်တော့ နှစ်ယောက်လုံးတွေ့တာနဲ့ကိုက်နေတော့တာပဲ ခွေးနဲ့ကြောင်ကြနေတာပဲ"

"မောင်ကကြောင် အဲ့ကောင်ကခွေးသား!"

"ကျနော်ကပါးပါးသားနော်"

"မင်း!!"

"မောင်!တော်တော့ဆို မောင်တို့ရန်ဖြစ်တိုင်းအမြဲတမ်းငါခွေးဖြစ်ရတယ်"

"မောင့်ကိုသူကလိုက်ပြောနေတာကို ဟင့် မောင့်ကိုအော်တယ် အီးး မောင့်ကိုမချစ်တော့ဘူး မောင်သိတယ် ဟီးး"

"ဟာ မောင် မောင်!အော်"

ငိုယိုကာပြေးသွားတဲ့ရောင်နီနောက်ကိုလွမ်းပြေးလိုက်ရပြန်သည်။အခုချိန်ထိအချစ်မလျော့ကြပဲတစ်ယောက်မရှိရင်တစ်ယောက်မဖြစ်တဲ့ပါးပါးတို့အတွဲကိုကြည့်ပီးလွမ်းသွေးကြည်နူးမိသည်။တဆက်ထဲကိုကို့ကိုလဲသတိရမိသည်။

*အသက်ယုံတယ် ကိုကိုအသက်ကိုလာပြန်ရှာမယ်ဆိုတာအသက်ယုံကြည်တယ်*

>>>>>>

လွမ်းသွေး​ဆေးရုံကပြန်လာပီးခနလောက်အိပ်လိုက်သည်။သူနိုးလာတော့နေ့လယ်ရောက်ပီ။သူအိပ်မက်ထဲမှာကိုကို့ကိုတွေ့တယ်။ကိုကိုကသူ့ကိုအရင်လိုကြင်ကြင်နာနာဖက်ထားပီးအနမ်းခြွေတယ်။

"ကိုကိုလာရှာတဲ့အထိအသက်စိတ်မရှည်ဘူး"

ဆုံးဖြတ်ချက်ကိုအခိုင်မာချပီးတဲ့နောက်ရေမိုးချိုးကာကားသော့ဆွဲပီးအပြင်သွားရန်ပြင်တော့သည်။

Love System (Completed)Where stories live. Discover now