အပိုင်း (၄၈)

13.7K 687 17
                                    

***ကာကွယ်မူသေးသေးလေးက၊ ရင်ထဲတသိမ့်သိမ့်ဖြစ်လာသောကြည်နူးမူ***

" လာစမ်း...ငါဆီ၊ ဒါ ဘာသဘောလဲ ကောင်းစစ်ဟန်သာ ၊ ငါကို မလိမ့်တပတ်လုပ်တာလား ဟင် ၊ ဒါ ဘာသဘောလဲ"

" ဟင်း...အင်း..ပါးပါး.."

ကျွန်တော်တို့သားအဖ ကို မြင်လို့ နီရဲလာသော ကလေးငယ်ရဲ့ဒေါသမျက်ဝန်းတွေထဲက ကျွန်တော်အပေါ်နာကျည်းခြင်းတွေ မြင်နေရသည်။ အံ့ကိုတင်းတင်းကျိတ်ပြီး ထွက်လာသော အသံလေးက တိုးတိတ်ပေမယ့် ကျွန်တော့် ရင်ကွဲဖို့ ထက်မြတ်သည့်ဓါးအလား ကြောက်စရာကောင်းလှသည်။ သားငယ်ကို အပြစ်မမြင်ပါနဲ့ကလေးငယ်၊ ဒါကိုယ့်အမှားပါ ။ သားငယ်ကို အပြစ်မဆိုလိုက်ပါနဲ့ ။

မျက်ရည်တွေကျပြီး သူ့ပါးပါး မေးနေသောမေးခွန်းတချို့ကို ခေါင်းခါ၍ ဖြေနေသော သားငယ် ကို ကျွန်တော်ဆွဲထားမိတယ်။ နူးညံ့သော သားကိုယ်လုံးလေးကိုရင်ခွင်ထဲ သွင်း၍ ချော့မည်အလုပ် ၊ တဖက်မှ ဆွဲခေါ်ခံရသည့် သားငယ်က ကျွန်တော့်အပေါ် စိတ်မချခြင်းများဖြင့် တစ်ချက်ကြည့်နေသည်။ ကိုယ် ရူးသွပ်ဖို့ လုံလောက်သည့် အခြေအနေ ၊ ရူးမတက် ဖြစ်နိုင်သည့် ခံစားချက်၊ နှလုံးသွေးရပ် သေစေနိုင်သည့်သားငယ်ရဲ့ စိုးရိမ်စိတ်အကြည့်တို့က ကလေးငယ်တို့သားအဖရှေ့ အလိုလို ဒူးထောက်မိပြီ။ မကျန်တော့ဘူး ဒီသားအဖလေးနဲ့ ပတ်သတ်လို့ တင်းစရာမာန၊ ကြီးမြတ်တဲ့ ဂုဏ်အင်၊ ကျော်ကြားသည့်ရာထူးတွေကို ဒူးထောက်ချသည့်အချိန်ခဏ ကလေးငယ်တို့သားအဖရှေ့ အကုန်ဝပ်ဆင်းကုန်ပြီ။ ဒီသားအဖလေး သာ ကျွန်တော့်ဘဝ နေ့ရက်တွေမို့ မည်သည့်အရာတွေ ဝပ်ဆင်းခယနေရပါစေ ကျွန်တော်ပြုလုပ်မည်၊ ကျွန်တော့်အသက်တည်ရှိရာ ဒီသားအဖ ဖြစ်တည်မူလေးကိုသာ တန်ဖိုးထားမြတ်နိုးမိ၏ ။ ကလေးငယ်နာကျည်းခြင်းကို ကိုယ့်ယုယဖြေသိပ်ပြီး အရင်ကထက် ဆထက်ပို၍ ချစ်ပါ့မယ်၊ ကာကွယ်ပါ့မည်။ ထိတ်လန့်ခြင်း အလျင်းမရှိ လုံခြုံစေရပါ့မည်။တောင့်တခြင်းမရှိ ပြည့်စုံစေရပါ့မည်။ ဖခင်နေရာပီသစွာဖြင့် ကိုယ့်ရဲ့ ဖြည့်ဆည်းပေးမူနှင့်အတူ ပျော်ရွှင်စေရပါ့မည်။

ချစ်ခြင်းတို့အလွန် Where stories live. Discover now