real life

9K 698 3
                                    

<Unicode>
"သူက ကိုယ်ရဲ့သူငယ်ချင်းဆိုလဲဟုတ်တယ် ကိုယ့်ညမဆိုလဲဟုတ်တယ်"

"ကိုကို့အကြောင်းတေအသက်ကိုပြောပြပါလား"

"အင်း လာထိုင်"

လွမ်းသွေးအားကုတင်စွန်းမှာထိုင်စေကာသူကတော့ကြမ်းပြင်မှာထိုင်ချပီးလွမ်းသွေးလက်လေးတေကိုဆုတ်ကိုင်ကာ...

"ကိုယ်ကမိဘမဲ့ဂေဟာမှာကြီးပြင်းလာခဲ့ရတာ ကိုယ်သိတတ်စအရွယ်ထဲကကိုယ့်မိဘတေကကိုယ့်ကိုစွန့်ပစ်ခဲ့တာ ကိုယ့်မှာမောင်နှမမရှိဘူးတစ်ကောင်ကြွက် နှင်းယုကလဲဂေဟာကပဲ ကိုယ်တို့ကမိဘမဲ့ချင်းအတူတူတစ်ယောက်နဲ့တစ်ယောက်ဖေးမပြီးနေခဲ့ရတာ တစ်ရက်ကျတော့ကိုယ့်ကိုလူတစ်ယောက်ကမွေးစားဖို့လာခေါ်တယ် အဲ့မှာနှင်းယုကကိုယ်နဲ့မခွဲချင်လို့အော်ငိုနေတော့အဲ့လူကြီးကနှင်းယုကိုပါမွေးစားလိုက်တာ တကယ်တော့ကိုယ့်ကိုမွေးစားတဲ့သူကဒုစရိုက်လောကမှာနာမည်ကြီးနေတဲ့သူတစ်ယောက် သူကအမွေစားအမွေခံအတွက်ကိုယ့်ကိုမွေးစားပီးလေ့ကျင့်ပေးခဲ့တာ ကိုယ့်အသက်၁၅နှစ်မှာကိုယ်လူခုနှစ်ယောက်ကိုစသတ်ခဲ့တာ ကြာလာတော့သူခိုင်းတဲ့အဲ့လိုအလုပ်တေမှန်သမျှကိုယ်တက်မလုပ်ချင်တော့ဘူး ကိုယ်ထွက်ဖို့စဉ်းစားခဲ့တယ် ဒါပေမယ့်ကိုယ်အသက်ကိုတွေ့ခဲ့တယ် အသက်ကိုချစ်မိသွားလို့အသက်နောက်ကိုအရိပ်လိုလိုက်နေမိတယ် အသက်ကအရာရာပြည့်စုံတယ်ဖြူစင်တယ် ကိုယ်နဲ့မိုးနဲ့မြေလိုကွာခြားတယ် အသက်ကိုကိုယ်ပိုင်ဆိုင်ချင်ပေမယ့်ကိုယ့်လိုလူကအသက်နဲ့မထိုက်တန်ဘူးထင်ခဲ့တယ် အဲ့တာကြောင့်အဝေးကနေပဲအသက်ကိုငေးကြည့်နေခဲ့တာ နောက်တော့အသက်နားကိုကပ်ချင်တဲ့သူတေကပေါ်လာတယ် အသက်ကလဲတစ်နေ့တစ်ခြားပိုချစ်ဖို့ကောင်းလာတော့ကိုယ်စိတ်မချဖြစ်လာတယ် အဲ့တာကြောင့်အသက်ကိုမစွန့်လွှတ်ရဖို့အရေး အသက်ကိုပိုင်ဆိုင်နိုင်ဖို့ကိုယ်နေရာတစ်ခုရမှဖြစ်မယ်ဆိုတာသိလာတယ် အဲ့တာကြောင့်ကိုယ့်မွေးစားအဖေရဲ့နေရာကိုဆက်ခံနိုင်ဖို့ကြိုးစားခဲ့တယ် အနှစ်နှစ်အလလကြိုးစားပီးတဲ့နောက်မှာကိုယ်အခုအသက်နားရောက်အောင်လာနိုင်ခဲ့ပီ"

Love System (Completed)Where stories live. Discover now