real life

8.5K 680 3
                                    

<Unicode>
"ပါးပါး"

"အယ် ရာဇာ ဒီနေ့လာတာနောက်ကျတယ်နော်"

"ဟုတ် အလုပ်လေးနည်းနည်းရှုပ်နေလို့ ဒီမှာပါပါးအတွက်မုန့်တေ"

"သားရယ် ပါးပါးအတွက်မလိုပါဘူးဆိုနေ နောက်ကိုမဝယ်လာပါနဲ့တော့"

"ကျနော်ကပါးပါးကိုစားစေချင်လို့ပါ ပါးပါးကမုန့်စားနေရင်ကလေးလေးလိုပဲ ကျနော့်မှာမိတေမရှိတော့ ရှိတဲ့သူကိုပဲကျွေးရတာမို့လို့ပါ"

"သားရယ် ပါးပါးကိုလေသားအဖေအရင်းလို့သဘောထားလို့ရတယ်ဟုတ်ပီလား"

"ကျေးဇူးပါ ပါးပါး"

လွမ်း ထိုကောင်လေးကိုသနားလွန်းတာကြောင့်ဖက်ကာနှိမ့်သက်ပေးလိုက်သည်။

"ဟေ့ကောင်!အခု ငါ့ယောက်ျားကိုလွှတ်လိုက်စမ်း!!"

ရောင်နီအသဲသန်ပြေးလာကာလွမ်းရဲ့ကိုယ်လေးအားဆွဲဖက်လိုက်ပီးရာဇာအားပြာကျမတတ်စိုက်ကြည့်နေသည်။

"မောင်ရယ် ဘာဖြစ်တာလဲ"

"အဲ့တာမောင်မေးရမှာ ဘာဖြစ်လို့အဲ့ကောင်ကိုဖက်ထားရတာလဲ ကုန်ပါပီ မောင်ဟာလေးတေကုန်ပါပီ"

"မောင်ရယ် အူတိုမရာမရှိကြံဖန်တိုနေပြန်ပါပီ"

"တိုတယ် မောင်တောင်ဒီတမနက်လုံးငါးခါပဲဖက်ရသေးတာကို ဟိုကောင်မင်းအခုငါနဲ့လိုက်ခဲ့!"

"မောင် ကလေးကိုဘာလုပ်ဖို့လဲ"

"စကားပြောမလို့ပါ ကိုယ်တို့သားရဲ့ကိစ္စကိုပြောမလို့ပါ"

"ကလေးကိုဘာမှမလုပ်နဲ့နော်"

"မလုပ်ပါဘူးစိတ်ချ လာဟိုကောင်လိုက်ခဲ့!"

........

"ကျနော့်ကိုဘာပြောမလို့လဲ အသက်ကိုတွေ့ချင်နေပီမြန်မြန်ပြောလို့ရမလား"

"ဟေ့ကောင်!မင်းကများစိတ်မရှည်သလိုနဲ့ငါကလဲခေါ်မထားချင်ပါဘူး မပြောမဖြစ်လို့ပြောရမှာ"

"အသက်ကိုလက်လွှတ်ခိုင်းဖို့ဆိုရင်တော့ကျနော်တစ်ခါထဲငြင်းပါရစေ"

"ဒီကောင်! ငါ့စကားကိုဖြတ်မပြောနဲ့စမ်း! ငါမေးတာပဲမင်းဖြေ မင်းဒုစရိုက်လုပ်ငန်းကိုဦးစီးနေတာမလား"

Love System (Completed)Where stories live. Discover now