real life

8.8K 666 27
                                    

<Unicode>
"မလို..."

"ငါအခုလုပ်ပေးတာ ငါ့သားအတွက် သူ့ကိုအန္တရာယ်ဖြစ်စေမယ့်ဘယ်အရာကိုမှငါလက်သင့်မခံနိုင်ဘူး မင်းကိုငါ့ပိုက်ဆံတေအလကားပေးမှာလဲမဟုတ်ဘူး ပြန်ဆပ်ရမှာ ငွေမဲကိုမလုပ်နဲ့မပြောဘူးလုပ်ချင်ဆက်လုပ်အရှုပ်ရှင်းကင်းအောင်လုပ် ငွေဖြူကိုကာဗာထား ငါပြောချင်တာကိုနားလည်မယ်ထင်တယ်"

"ကျေးဇူးပါ အန်ကယ့်ကိုစိတ်မပျက်စေရပါဘူး"

"ကုမ္မဏီကိုသုံးလအတွင်းတိုးတက်အောင်လုပ်နိုင်ရင် လွမ်းသွေးငယ်ကိုမင်းပိုင်ပီ"

"အသက်ကကျနော့်အပိုင်ဖြစ်စေရမယ်"

"ဟုတ်ပီ ကြိုးစားကွာ"

ပြေလည်သွားကြတဲ့နှစ်ယောက်ဟာလက်ဆွဲနှုတ်ဆက်လိုက်လိုက်ပီး....

ခွပ်!...

"အဲ့တာငါ့အရုပ်လေးကိုဖက်လို့!"

ထူပူသွားတဲ့ပါးကိုကိုင်ကာကြောင်နေတုန်းရောင်နီကထွက်သွားလေပီ။

ထမင်းစားပွဲ၌....

"သား ရာဇာ ပါးကဘာဖြစ်တာလဲရောင်နေသလိုပဲ"

"ဘာဖြစ်ရမှာလဲအရုပ်လေးရယ် အဲ့ကောင်ပေါ့ဘယ်လောက်အရေထူလဲမသိဘူး မျက်နှာမှာခြင်ကိုက်နေတာမသိဘူးလေ အဲ့တာမောင်ရိုက်ပေးလိုက်တာ အားနည်းနည်းပါသွားတာထင်တယ်"

"ဟုတ်လား သားရာဇာ"

"ဟုတ်တယ်ပါးပါး"

ရောင်နီပြောတာအကုန်မမှန်ပေမယ့်မှားလဲမှားမနေပေ။ရောင်နီကတော့ရာဇာအားလှမ်းကြည့်တာတစ်ညှိုးတစ်ချောင်းထောင်ပီးတစ်မှတ်ရပီဟုပါးစပ်လှုပ်ရုံသာပြောလိုက်တော့ရာဇာလဲokပြန်ပြလိုက်သည်။

.......

"ရာဇ!"

"အင်း"

"နင်..."

"ပြောလေ"

"နင်သူ့ကိုတကယ်ချစ်နေတာလား"

"နှင်းယု မင်းငါ့အကြောင်းအသိဆုံးပါငါကဘယ်တုန်းကများပေါ့ပျက်ပျက်လုပ်ဖူးလို့လဲ"

"သူနင့်အကြောင်းတေရောသိပီးပီမို့လို့လား"

"ငါအားလုံးကိုဝန်ခံပီးပီ သူ့မိဘတေကိုရောပဲ သူတို့ကငါ့ကိုလက်ခံတယ် လက်မခံလဲငါအသက်ကိုရအောင်ယူမှာ"

Love System (Completed)Where stories live. Discover now