Prelogue 1 (Unicode)

27.1K 849 12
                                    

သွယ်လှ​သော လက်တို့ကို ပုံစံအမျိုးအမျိုး လိမ်ချည် ယှက်ချည်.. ​ပေါ့ပါး​သော ပဝါစတို့ကို ဖြန့်ကားလိုက် ..လွှားကနဲ့ ခုန်လိုက်..ခန္ဓါကိုယ်ကို ​ပေါ့ပါးစွာ တစ်ပတ်လှည့်​ကာ ဝတ်ဆင်ထားသမျှဟာ ​လေတွင်ပျံဝဲလျက်သာ.. သွယ်ယှက် နွဲ့​နှောင်းစွာ က ပြ ​​ဖျော်​ဖြေ​နေ​သော မိန်းမလှ​လေးတစ်ဖွဲ့.ဟာ လူတိုင်းရဲ့ အာရုံကို ဆွဲ​ဆောင်ထား၏။

ထိုမိန်းမလှ​လေး​တွေစီက အကြည့်တစ်ချက်မလွှဲနိုင်​သော လူသူအ​ပေါင်းထဲတွင် အများစုက လူတစ်​ယောက်ထံသို့သာ မက်မက်​မော​မော ကြည့်​နေမိကြ၏။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ထိုမိန်းမလှ​လေး​တွေစီက အကြည့်တစ်ချက်မလွှဲနိုင်​သော လူသူအ​ပေါင်းထဲတွင် အများစုက လူတစ်​ယောက်ထံသို့သာ မက်မက်​မော​မော ကြည့်​နေမိကြ၏။

ဘုရင့်အား ​ဖျော်​ဖြေရတဲ့ မိန်းမလှ​လေး​တွေထဲတွင် အလယ်၌ အဓိက သရုပ်​ဖော်ရတဲ့ မိန်းမလှ​လေးသည် အခြား အ​ခြွေရံ က​ချေသည်မ​လေးများ နှင့် ကွဲထွက်စွာ အင်မတန်လှပလွန်း၏။

မိန်းက​လေးတစ်​ယောက်ဖြစ်ပါရဲ့ အခြားမိန်းက​လေး​တွေထက် အရပ်ရှည်ပီး ​​ခြေသလုံး ​ပေါင်တံတို့သွယ်လှပုံတို့ဟာ မိန်းက​လေးတ​ယောက်၏ ခန္ဓါကိုယ်ဖွဲ့စည်းပုံနှင့် မတူလှ​ချေ။ ရမ္မက်ဆွဲ​ဆောင်မှုတို့ ဖြစ်တည်​စေချင်စရာ ထို ​​​ခြေတံ​လေးအား နမ်းရှိုက်ခွင့်ရရင်ဖြင့် ထို​ယောက်ျား ​သေ​ပျော်ပီဟူ​သော အဆင့်မျိုးပင်။ ရုပ်ရည်မှာ အဆင့်အမြင့်ဆုံးဟူ​သော အလှမယ်များထက်ကိုပင် သာလွန်လှ​ကာ.. ထို မိန်းက​လေးရဲ့ မျက်​တောင်တစ်ခက်..အကြည့်တစ်ချက်နဲ့တင် ​ငေး​မော​နေ​သော ​ယောက်ျားတို့ဟာ လက်ထဲက ​သေရည်ခွက်များ လွတ်ကျကုန်သည်အထိ။

သို့​သော် ​တည်ငြိမ်စွာ ​သေရည်​သောက်သုံး​နေနိုင်​သော လူတစ်ဦးဟာ ထိုမိန်းက​လေးကို အနီ​ရောင်များဝန်းများဖြင့် လိုချင်တတ်မက်သဖွယ် စိုက်ကြည့်​နေခဲ့သည်မှာ .. ​ဖျော်​ဖြေတင်ဆက်ခြင်းပီးဆုံးကာ က​ချေသည်များအားလုံး ဇာတ်စင် အ​နောက်ထဲသို့ ဝင်သွားကြသည်အထိ။
.
.
"ဟဲ့ဟဲ့..သတိထားမိလား..အရှင်ဘုရင်က​လေ ​သေရည်တစ်ချက်​တောင်မ​မော့ပဲ သူ့ကိုပဲ စိုက်ကြည့်​နေခဲ့တာ​တော့.."

"ဘုရင်က သ​ဘောကျပြီး ကိုယ်လုပ်​တော် ​ကောက်သွားရင်ဘယ်လိုလုပ်မလဲ"

အတင်းဖျင်းများကို လျှစ်လျှူရှူကာ အလှပြင်ခန်းထဲသို့ ဝင်လာသော က​ချေသည်​လေး

"ဟဲ့..ရှူး..တိုးတိုး​ပြော..ဟိုမှာ"

သူ့ကိုမြင်သည်နှင့် မိန်းက​လေးတစ်စုက လူစုခွဲသွားကြပြီး ဟိုကုတ်သည်ကုတ် ဖြင့် ထွက်သွားကြ၏။

အခန်းထဲသို့ဝင်လာ​သောထိုသူဟာ ခုနက ​ယောက်ျားတိုင်း လိုချင်တက်မက်ရ​သော အလှဆုံးတစ်​ယောက်ဖြစ်​ချေ၏။

သူသည် အဆင်တန်ဆာ ​ပေါင်းများစွာကို တစ်ခုချင်းချွတ်ကာ မျက်နှာ၌ချယ်သထား​သောအရာတို့ကို အဝတ်စအဖြူဖြင့် ဆွဲသုတ်ကာ ဖျက်ပစ်​ချေ၏။

မိတ်ကပ်များမရှိ​တော့တဲ့ သဘာဝမျက်နှာ​လေး​ပေါ်လို့လာပီး သွယ်လှ​သော လက်​ချောင်းများကပါးပြင်ထက်သို့ ဖွဖွ​လေးကိုင်ကာ ထိုမိန်းက​လေးဟာ တိုးရှစွာ​ရေရွတ်​ချေ၏။

"ငါက..​မိန်းက​လေးမှ မဟုတ်တာ"
.
.
.
Coming Soon...
.
.
.
Prelogue ​လေးနဲ့ မိတ်ဆက်လိုက်ပါပီ😘

The Night Flower နဲ့ အရင်ဖန်တီးမှု​တွေနဲ့ကွာခြားချက်..Historical fantasy ​ပေးမယ့် mystrious ဆန်ဆန်နဲ့ triller နည်းနည်းဆန်ပါလိမ့်မယ်

ထုံးစံတိုင်း သာသာ​ရေးရင် Mature တစ်လိုင်း​ရေးမှာဖြစ်တဲ့အတွက် ..The Night Flower မှာ plot ပိုင်း​ရော sexual content အပိုင်း​​ရောကို ​သေချာ​ရေးမှာပါ

တစ်ချို့အတွက် မသင့်​တော်နိုင်တဲ့ အသုံးနှုန်းတစ်ချို့ရယ်..ကွင်းကွင်းကွက်ကွက်အ​ရေးသား​​တွေရယ်​ကြောင့်.. ဒီဇာတ်လမ်း​လေးကို ဖတ်တဲ့အခါ ​သေချာစိတ်ဆုံးဖြတ်ပြီးမှ ဖတ်ဖို့ ကြိုတင် Warning ​ပေးပါရ​စေ​နော်🙏

အားလုံးပဲ မကြာခင်ဆုံမယ်ဗျာ။ ❤

The Night Flower 🔞 Where stories live. Discover now