အခန်း-(၁၇) ခရိုင်အတွက် ညှိ့နှိုင်းခြင်း

180 32 0
                                        

Unicode

"နင်က ဒီလိုလျှို့ဝှက်ဆန်းကြယ်တဲ့ ပုံစံ‌နဲ့ ကြိုဆိုမှကို ဖြစ်မှာလား"

ဘယ်သူမဆို ဒီလိုအခြေအနေမျိုးမှာ ထိတ်လန့်ကြမှာမို့ ကျွန်မ ကျောက်Sကို မကျေမနပ်လှမ်းပြောလိုက်တယ်။

"ဆောရီး ဒီနေရာက လူသိမခံနိုင်တဲ့ နေရာဖြစ်လို့ ခုလိုတွေ ဂရုတစိုက်လုပ်ထားတာပဲ စိတ်မကောင်းပေမဲ့ နင့်မြင်နိုင်စွမ်းကလည်း ညဘက်လိုပဲ မြင်ကောင်းမြင်နေရလိမ့်မယ်"

ကျောက်Sက သူမရဲ့ ကြမ်းရှရှလေသံနဲ့ တောင်းပန်စကားဆိုလာတယ်။ကျွန်မစိတ်ရှုပ်ရှုပ်နဲ့ သူမကိုပြန်ကြည့်မိတယ်။သူမက တကယ်ပဲ နားလည်ရခက်တဲ့လူစားပဲ။

ပန်းသွေးရောင် ပါးပြင်နဲ့ ကျောင်းဝတ်စုံဝတ်ထားတဲ့ ကျောက်Sရဲ့မျက်ဝန်းတွေက မှိန်ဖျော့နေပါတယ်။

"လီရှန်း နင့်လူတွေ ငါ့အဖွဲ့ဝင်တွေကို သတ်လိုက်တာလားဆိုတာ ငါတကယ်သိချင်တယ်"

"မသတ်ဘူး"

ကျွန်မ မဆိုင်းမတွ ချက်ချင်းပြန်ဖြေလိုက်တယ်။

သူမက ခေါင်းတညိတ်ညိတ်နဲ့ပြောလာတယ်။

"ငါထင်တော့ ထင်ပါတယ်လေ နင့်မှာက အဲ့လိုလုပ်နိုင်တဲ့ အစွမ်းအစမှ မရှိတာ..."

ဟမ်? အဲ့တာက ကျွန်မကို ချီးကျူးလိုက်တာလား ဘာလား...

သူမ မျက်ဝန်းက အကြည့်တွေက ရွေ့လျားလာတယ်။

"ငါသိရသလောက်က အနောက်ဘက်ခရိုင်မှာ မကြာသေးခင်က မိန်းကလေးတစ်ယောက် သေသွားခဲ့တယ်ဆိုဟုတ်လား"

သူမပြောနေတာ လုရွဲ့အကြောင်းဆိုတော့ ကျွန်မ အမူအရာက လေးနက်လာတယ်။

"ဟုတ်တယ်"

ကျောက်Sက ခေါင်းထပ်ညိတ်တယ်။

"လွန်ခဲ့တဲ့ရက်က အရှေ့ဘက်ခရိုင်မှာ လုပ်ကြံခံရတဲ့ B အဆင့်အရာရှိ ငါးယောက်အပြင် ကလေးတစ်ယောက်ပါ သေဆုံးခဲ့တယ် ဒါပေမဲ့ စုံစမ်းချက်တွေအရ အဲ့ကလေးအလောင်းကလည်း လူစားလဲထားတာပဲ....ဆိုတော့ ‌ကလေးက ပျောက်သွားတဲ့သဘောပဲ"

ကျွန်မ သူမပြောတာကို ထောက်ခံတဲ့သဘောနဲ့ ဆက်ပြောလိုက်တယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Donde viven las historias. Descúbrelo ahora