part 13

3.1K 302 5
                                    

ဧဝရတ်တို့ရန်ကုန်ပြန်ရောက်ပြီး တာနဲ့
ကြေညာတွေပြန်လက်ခံပြီး ဆုပေးပွဲတွေတက်
နေရတာကြောင့် ချစ်သက်နဲ့သိပ်မတွေ့ဖြစ်ပေ။

" ကိုချစ် ဒီနေ့ဘာအစီစဉ်ကျန်သေးလဲ"

" အင်တာဗျူးတစ်ခုဘဲကျန်ပါတယ် "

" အရေးမကြီးရင်ဖျက်လိုက်"

"ဖျက်လို့မရတော့ဘူး သူတို့ကရောက်နေပြီ
မင်းသားကိုစောင့်နေကြတာ"

" ကျစ် "

ဧဝရတ်လဲ အဝတ်စားလဲပြီးတာနဲ့အင်တာဗျုး
လုပ်မည့်အခန်းသို့သွားလိုက်သည်။

" မင်းသားရောက်လာပြီးလား ကြွပါ"

" အင်း လိုရင်းကိုဘဲမေးပါ ကျတော်သွားစရာ
ရှိသေးတယ်"

"ဟုတ်ပါပြီး ကျမတို့လဲသိချင်တာလေးနဲနဲဘဲ
မေးမှာပါ"

" စတော့ "

' ဟုတ်ကဲ့ ပထမဆုံးမေးချင်တာကတော့
ပြီးခဲ့တဲ့ရက်ပိုင်းက ဧဝရတ်တို့နယ်ဘက်သွား
တယ်လို့သိရတယ်နော် ချစ်သက်မင်းမောင်တို့
မိသားစုဇာတိကိုသွားတာလား'

'ဟုတ်တယ် '

' ဆွေပြမျိုးပြသွားတာလား ဒါမှမဟုတ် ကိစ္စ
တစ်ခုခုကြောင့်လား'

' ကိစ္စတစ်ခုကြောင့်ပါ ဘဲ '

' မင်းသမီး မေဖူးငုံပွင့်ပျောက်နေတာကို
ကြားမိတယ်မလား အဲ့ဒါတွက်ဘာပြောချင်
လဲမသိဘူး'

' ငါနဲ့ဆိုင်လို့လား '

' အာ..ဟုတ်ကဲ့ပါ နောက်ပြီး မင်းသမီးပျောက်တဲ့
အချိန်က... '

' အရေမရအဖက်မရတွေဘဲမေးနေမယ်ဆိုရင်
ဒီမှာဘဲရပ်လိုက်ပါ ပြီးတော့မင်းကရဲမဟုတ်
သလိုငါကလဲတရားခံမဟုတ်ဘူး အနုပညာ
မောင်နှမချင်းပြောကအောင်လဲ သူနဲ့ငါမရင်း
နှီးသလို သူများကိစ္စလဲငါစိတ်မဝင်စားဘူး
ဂျာနယ်မှာရေးချင်သလိုထည့်ရေးငါစောက်ဂရု
မစိုက်ဘူး'

ဧဝရတ်လဲ ပြောပြီးသည်နှင့်ထိုအခန်းထဲက
ထွက်လာလိုက်သည်။

" ကိုချစ် ဧည့်သည်တွေကို​သေ...သေ...ချာ...ချာ
ဧည့်ခံပြီးမှပြန်ပို့လိုက်"

ထာဝရထက်တစ်ရက်ပိုသည် / ထာဝရထက်တစ်ရက်ပိုသည် (Completed) Where stories live. Discover now