အခန်း-(၂၁)ကျွန်မကိုဘယ်တော့မှ မထားခဲ့ဘူးလို့ ရှင်ပြောခဲ့တယ်မဟုတ်လား

211 34 0
                                        

Unicode

စီနီယာကောင်းချီနဲ့ ကျွန်မထွက်သွားခါနီးမှာ ကျွန်မ နှလုံးသားက တုန်ယင်လာတယ်။ဘာလို့လဲဆိုတော့ ကျွန်မ နျွယ့်ကျွမ်းကို တွေးမိသွားလို့ပါ။‌ပြောရရင် ကျွန်မ စိတ်ကွဲကသူနဲ့ ဆက်နွှယ်နေပါတယ်။တကယ်လို့ ကျွန်မသာခုချိန်ထွက်သွားမယ်ဆိုရင် သူဘယ်လိုဖြစ်ပြီးကျန်ခဲ့မှာပါလိမ့်။

အဲ့ချိန်မှာပဲ နောက်ထပ်အတွေးတစ်ခုက ထပ်ဝင်လာတယ်။ကျွန်မ ခုလိုထွက်သွားတာကပဲ ပိုတောင်ကောင်းမှာပါ။ပြီးတော့ နျွယ့်ကျွမ်းနားရှိနေတဲ့ ကျွန်မရဲ့နတ်ဆိုးလူသတ်သမားစိတ်ကွဲက စီနီယာ ကောင်းချီကို သတ်ပစ်ခဲ့တယ်‌လေ။ဒါကြောင့် အဲ့စိတ်ကွဲကို နျွယ့်ကျွမ်းနဲ့အတူ ဒီနေရာမှာပဲ ထားပစ်ခဲ့တာအကောင်းဆုံးပဲမဟုတ်လား။နျွယ့်ကျွမ်းက အဲ့စိတ်ကွဲနဲ့ အသားကျသွားရင် သူက လူဆိုးဖြစ်လာမှာပဲဆိုတော့ ပစ်ထားခဲ့လိုက်တော့မယ်။

ဒါ...ဒါပေမဲ့...မဟုတ်သေးပါဘူး...နျွယ့်ကျွမ်း...

ကျွန်မအတွေးတွေက ကယောက်ကယက်ဖြစ်ပြီး ရှုပ်ထွေးလာတယ်။ကျွန်မ စဉ်းစားလေလေ အတွေးတွေက လွန်ဆွဲလာလေပါပဲ။

ကောင်းချီက ကျွန်မလက်ကိုကိုင်ပြီး ကျွန်မကို ဒီနေရာကနေခေါ်ထုတ်သွားမယ်လို့ ပြောခဲ့တယ်။ဒါပေမဲ့ ကျွန်မထွက်သွားရင် နျွယ့်ကျွမ်းက အန္တရာယ်ဖြစ်တော့မှာ မဟုတ်လား။နေပါဦး ကျွန်မက ဘာလို့ နျွယ့်ကျွမ်းအတွက်တွေးပြီး စိတ်ပူပေးနေရတာလဲ။‌ပြောရရင် သူကလည်း ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းတဲ့ စိတ်ရောဂါကြောင့် တားမြစ်ဇုန်မှာနေနေရတဲ့သူပဲ။ဒါဖြင့် သူ‌ကကော ကျွန်မရဲ့ စိတ်ကိုလှည့်စားထားတဲ့ ပုံရိပ်ယောင်ဟုတ်မဟုတ်ဆိုတာ ဘယ်သူပြောနိုင်လဲ....

ကျွန်မ စီနီယာ ကောင်းချီကို ထပ်ကြည့်လိုက်တယ်။

ပုံရိပ်ယောင်....ပြောရရင် စီနီယာ ကောင်းချီက အစစ်အမှန်ဆိုတာကော ကျွန်မသေချာ ပြောနိုင်လို့လား?

ကျွန်မ စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းခါလိုက်တယ်။ကျွန်မ ဘယ်လိုလုပ်ပြီး စီနီယာ ကောင်းချီကို သံယယဝင်လိုက်တာပါလိမ့်။စီနီယာက ကျွန်မကို အမြဲအားပေးခဲ့သလို နားလည်ပေးခဲ့တဲ့သူပါ။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Nơi câu chuyện tồn tại. Hãy khám phá bây giờ