real life

8.5K 636 14
                                    

<Unicode>
"ဒါကဒီလအတွင်းရှယ်ယာတိုးတက်နှုန်းပါ ဒါကတော့ပျမ်းမျှဝင်ငွေပါ ကတိအတိုင်းဒီသုံးလအတွင်းကုမ္မဏီကိုအောင်မြင်အောင်လုပ်ပေးပီးပါပီ"

ရောင်နီ ရာဇာပြပေးတဲ့လက်ပ်တော့ကိုယူကြည့်ကာခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်နေသည်။လွမ်းနဲ့အသက်ကလဲဘေးတွင်ထိုင်နေပီးအကဲခတ်နေသည်။ရောင်နီသည်ထိုကောင်လေးကဉာဏ်ရည်ထက်မြတ်ပီးစွမ်းဆောင်မှုအားကောင်းတာကြောင့်အောင်မြင်မယ်ဆိုတာသိပေမယ့် ခုလောက်ထိကြီးတရှိန်ထိုးအောင်မြင်သွားမယ်လို့တော့မထင်ခဲ့မိ။

"အဲ့တာဆိုအသက်ကိုကျနော်နဲ့သဘောတူပီလားဗျ"

လက်ပ်တော့ကိုစိုက်ကြည့်ကာ စဉ်းစားနေတဲ့ရောင်နီကြောင့်ရာဇာစိတ်မရှည်တော့ပဲ...

"ဒါတောင်သဘောမတူဘူးဆိုရင် ကျုပ်သူ့ကိုခိုးပဲပြေးလိုက်တော့မယ် အမှန်ဆိုအစထဲကခိုးပြေးချင်တာအသက်စိတ်ဆင်းရဲရမှာဆိုးလို့မလုပ်တာ"

"မင်းကိုငါသဘောမတူဘူးလို့လဲမပြောရသေးဘူး!တကယ်ပဲ ဖြစ်ပျက်နေတာ ယူ!ယူ!ငါသဘောတူတယ်"

"တကယ်လား!ကျေးဇူးပါအန်ကယ် ! လာ အသက် ကိုယ်နဲ့လိုက်ခဲ့တော့"

လွမ်းသွေးလက်ကိုလှမ်းဆွဲကာပြောလာတာကြောင့်...

"ဟေ့ကောင်!ဘယ်ကိုလိုက်ခိုင်းနေတာလဲ ငါမျက်စိနောက်လာရင်သဘောတူထားတာပြန်ရုတ်သိမ်းပစ်မှာနော်!"

"ကျနော်မစောင့်နိုင်တော့ဘူး ဖြစ်နိုင်ရင်အခုချက်ချင်းကိုလက်ထပ်ချင်တာ သုံးလကြီးများတောင်စောင့်ပီးပီလေဗျာ အန်ကယ်ဆိုပါးပါးနဲ့သုံးလခွဲရမယ်ဆိုခွဲနိုင်လို့လား"

"မင်းတို့ကိုငါပေးမတွေ့လို့လား နေတိုင်းချောင်းပေါက်မတတ်လာနေပီးတော့များ!"

"မတူဘူးလေဗျာ တရားဝင်မပိုင်ဆိုင်ရသေးတော့မလွတ်လပ်ဘူးလေ ပီးတော့ကျနော်တို့ခနလေးအတူရှိလိုက်တာနဲ့အန်ကယ်ကလာလာရှုပ်နေပီးတော့"

"မင်းကဘာတေလုပ်ချင်သေးလို့လဲ ဟမ်!"

"အန်ကယ် ပါးပါးကိုဘာတေလုပ်ချင်လဲ အဲ့အတိုင်းပဲကျနော်လဲလုပ်ချင်တာပေါ့"

Love System (Completed)Where stories live. Discover now