အခန်း(2)

35.5K 2.2K 63
                                    

ရနံ့ အခန်းထဲမှာ ထိုင်​ရင်း စိတ်​လှုပ်​ရှားရင်​ ရနံ့လုပ်​​နေကျအကျင့်​ဖြစ်​​နေတဲ့ အင်္ကျီစ​လေးကို ဆုပ်​ကိုင်​ရင်း​ချေ​နေမိတယ်​ ရနံ့ဒီအခန်းထဲမှာ ထိုင်​ပြီးနာရီဝက်​ကြာ​​လောက်​ကြာ​တော့ ခုနက ထွက်​သွားတဲ့ ဦး​လေးကြီးပြန်​ဝင်​လာပြီး

"သား သားကို အိမ်​​တော်​သခင်​ကြီးက​မေးစရာရှိတယ်​ ပြီး​တော့ ​ပြောစရာလည်းရှိတယ်​တဲ့ သားသူ​ပြောတာလက်​ခံရင်​ သားကိုအလုပ်​ခန့်​မယ်​လို့ သခင်​ကြီးကမှာလိုက်​တယ်​"

"တကယ်​ တကယ်​ကြီးလား"

မျက်​လုံးကြည်​​တောက်​​တောက်​​လေးက ပိုမိုလင်းလက်​လာပြီး ပြုံးပြလာတဲ့ က​လေး​ကြောင့်​ အိမ်​​တော်​ထိန်း ဦးမျိုးရန်​တစ်​​ယောက်​ စိတ်​မ​ကောင်း​တောင်​ဖြစ်​သွား​တော့တယ်

"လာ က​လေးသွားရ​အောင်​"

"ဟုတ်​ကဲ့"

ရနံ့ အိမ်​အကြီးကြီးရဲ့ အ​ပေါ်ထပ်​ကို ​ခေါ်လာတာ​ကြောင့်​ ရနံ့လည်း အူ​ကြောင်​​ကြောင်​​လေး လိုက်​လာမိတယ်​ အိမ်​ကြီးကအကြီးကြီးပဲ ​ကော်​​ဇော်​အနီ​တွေကလည်း အရမ်းကိုလှပ​အောင်​ ခင်းထား​သေးတယ်​ ပြီး​တော့ ဝတ်​စုံအနက်​နဲ့ သက်​​တော်​​စောင့်​​တွေကလဲ အများကြီး​တွေ့ရတာ​ကြောင့်​ ရနံ့ လန့်​​နေမိတယ်

"သခင်​ကြီး ​ခေါ်လာပါပြီ"

"ဝင်​ခိုင်းလိုက်​"

"ဟုတ်​ကဲ့ က​လေးဝင်​သွားလိုက်​"

"ဟို ဦး​လေးက​ရော မလိုက်​ မလိုက်​ဘူးလား"

"မလိုက်​​တော့ဘူး က​လေး ဝင်​သွား​နော်​"

ရနံ့ ​ကြောက်​​ကြောက်​နဲ့ သခင်​ကြီးအခန်းထဲဝင်​လာ​တော့ အသက်​ခပ်​ကြီးကြီးညအဖိုးတစ်​​ယောက်​ကို ရနံ့ကို ​ကျော​ပေးထိုင်​​နေတာ​တွေ့လိုက်​ရတယ်

"ဟို ရနံ့​ရောက်​ပါပြီ"

"ထိုင်​"

"ရနံ့ချစ်​သူ အသက်​20 Mathနဲ့ အ​ဝေးသင်​ဘွဲ့ရထားတယ်​ ရနံ့ မိဘမဲ့​ဂေဟာမှာ​နေတယ်​ ခု ​ဂေဟာရဲ့ ဖာသာက ​နေမ​ကောင်းလို့ ​ဆေးဖို့ရှာဖို့အလုပ်​လုပ်​တာ"

babies လေးတို့ရဲ့ daddy babies ​လေးတို့ရဲ့ daddyWhere stories live. Discover now