အပိုင်း၂၈

3.7K 192 0
                                    

ဒီဖြစ်စဥ်တွေအားလုံးရဲ့တရားခံကငါပဲ..၊ငါ့ကြောင့်သာမဟုတ်ရင် မောင်ရော၊ မိုးမခရော ၊ဒီလိုဖြစ်စရာအကြောင်းမရှိဘူး...။
'ကိုကို...'
'ဟင်မောင်..ခဏတောင့်ထားပါအုံး..'
မောင့်နှုတ်ခမ်းလေးတွေဖြူဖပ်လို့နေပြီ။
'ကိုကို့ကြောင့်မဟုတ်ပါဘူး....... '
မောင်ကကျနော့်မျက်နှာကိုအသာအယာထိတွေ့ရင်း​ပြောကာမေ့မျောသွားခဲ့တယ်။
'မောင်..မောင့်..မဖြစ်ဖူး..'
ကားကိုအရှိန်အမြင့်ဆုံးတင်ပြီးနီးစပ်ရာဆေးရုံကိုသွားပြီးတဲ့နောက်..မောင်ရော..၊မိုးမခရော..၊နှစ်ယောက်စလုံး Operationsခန်းဝင်နေကြရတယ် ။မှူးကိုမိုးမခအခန်းရှေ့စောင့်ခိုင်းထားပြီး၊ကျနော်ကတော့ မောင်အဆင်ပြေပြေနဲ့ပြန်ထွက်လာနိုင်ဖို့ရသမျှ ဘုရားစာတွေထိုင်ရွတ်နေမိတယ်...။
'အကိုအဲလက်စ်..ဓန..ဓနဘယ်မှာလဲ..'
ရေးကြီးသုတ်ပြာနဲ့စည်သူ့လက်ကိုဆွဲရင်းပြေးလာသူလေး..ရှိုင်းဝဏ္ဏ..။
'သူ Operations ခန်းထဲမှာ..သူသေနတ်နဲ့အပစ်ခံလိုက်ရတယ်..သူအဆုံးထိ ငါ့ကိုကာကွယ်ပေးခဲ့တာ...'
အဲလက်စ်က စိတ်ပျက်လက်ပျက်နဲ့ ပြောလာခဲ့တာမို့။
'အကိုစိတ်ဓာတ်မကျပါနဲ့ သူအဆင်ပြေမှာပါ... '
အကိုအဲလက်စ် ပုခုံးအားပုတ်ပေးရုံမျှသာနှစ်သိပ်ပေးနိုင်ခဲ့တယ်။
'အင်းမျှော်လင့်နေစဲပဲ...'
အကိုအဲလက်စ်လည်းကျနော့်လက်ကိုပြန်ကိုင်ပြီးပြောလာခဲ့တယ်။
'Bossလက်ကဘာဖြစ်လာတာလဲ..'
စည်သူပြောမှကြည့်မိတော့။
'ဟမ်?'
ကိုယ့်ကိုယ်ကိုယ်တောင်သတိမထားမိလိုက်ဖူး..။ဒီဒဏ်ရာကမနေ့ညကတည်းကဒဏ်ရာပဲ...။
'ရတယ်ရတယ်...မနေ့ညကဖြစ်ထားတာ'
'ဘယ်လိုဖြစ်လို့လဲBossရယ်..'
'ငါမောင့်ကိုရှာမတွေ့လို့....ဒေါသထွက်ပြီး ခုံကိုထိုးပစ်လိုက်တာ...'
သွေးစို့နေတဲ့သူ့လက်သူကျန်လက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ရင်းပြောလာခဲ့တဲ့အဲလက်စ်။
'အကိုအဲလက်စ်..ကျနော်အထင်လွဲခဲ့မိလို့တောင်းပန်ပါတယ်'
'ရပါတယ်.... ငါနားလည်ပါတယ်..'
တောင်းပန်သင့်တာမို့တောင်းပန်မိတယ်။
'ဘယ်သူက အုပ်ထိန်းသူလဲဗျ'
'doctor ကျနော်ပါဗျ...'
'သူသွေးလိုနေတယ်..'
'ဟုတ်ကဲ့ ဘာသွေးလဲဗျ'
'B သွေးပါ..မင်းတို့ထဲကတစ်ယောက်ယောက်များလွယ်ကြမလား..'
'ကျစ်..ငါကAB...'
'အကိုအဲလက်စ်...ကျနော်ကB သွေး..doctor ကျနော့်ဆီကယူလို့ရတယ်'
'ဟုတ်ပြီ လိုက်ခဲ့ပေးပါ အရင်ဆုံးကျန်မာရေးအခြေအနေစစ်ဆေးရပါမယ်'
'ဟုတ်ကဲ့ပါဗျ အကိုအဲလက်စ် စိတ်မပူပါနဲ့ ကျနော် ဓနကိုရအောင်ကယ်မှာ'
'အင်း..ကျေးဇူးပါ...'
တော်သေးတာပေါ့ ၊ဝဏ္ဏလေးသာမရှိရင် မောင့်အတွက်သွေးအလှူရှင်ရအောင်ပတ်ရှာနေရအုံးမှာ။
'Bossအရမ်းပိန်သွားတယ်...အလုပ်ကိုမလာတဲ့အကြောင်းကဓနကြောင့်ပဲမလား'
စည်သူကစိတ်ပူနေတဲ့မျက်နှထားမျိုးနဲ့မေးလာခဲ့တယ်။
'အင်း...ငါသူ့ကိုရှာနေခဲ့တာ...မင်းလည်းဝဏ္ဏနဲ့အဆင်တွေပြေနေလို့ပါလား..'
ကျနော်အက်လိုပြန်ပြောလိုက်တော့ စည်သူ့မျက်နှာလေးရဲသွားတယ်လေ။
'ဟီး..ဟုတ်တယ်..'
ခဏကြာတော့ ဝဏ္ဏပြန်ထွက်လာတယ်။
'ဝဏ္ဏဘာတဲ့လဲ..'
'အင်းအဆင်ပြေတယ်တဲ့ ကျနော်ဓနကိုကယ်နိုင်ပြီ'
'တော်သေးတာပေါ့ကွာ '
ကျနော်ဝဏ္ဏကိုဖက်လိုက်မိတယ်...၊ဒါမဲ့ မကောင်းတဲ့အငွေ့အသက်တစ်ခုကိုရနေတယ်...။
'အဟမ်းးးတော်သင့်ပြီထင်တယ်..'
ဘယ်သူဖြစ်ရမလဲ..၊စည်သူပဲပေါ့။
'အကိုကလည်း သဝန်မတိုပါနဲ့ အကိုအဲလက်စ်ကအပြင်လူမှမဟုတ်ပဲ..'
'ဟွန့်..'
လက်ပိုက်ကာတစ်ဖက်ကိုလှည့်သွားသူ။
'အင်းပါအင်းပါ အကို့ကိုလည်းကျနော်ဖက်ပါ့မယ်'
'ဟီးးး'
သူတို့လေးတွေကိုဒီလိုလေးမြင်ရတော့လည်းစိတ်ချမ်းသာမိတယ်...။
ခဏကြာပြီးတဲ့နောက်မှာ။
'doctor..ဓနအခြေအနေလေး...'
'သူအဆင်ပြေသွားပါပြီ..မကြာခင်သတိရလာပါလိမ့်မယ်..'
'ကျေး..ကျေးဇူးပါဗျာ..'
ကျနော်သိတယ်၊ အကိုအဲလက်စ်နောက်ဆံတင်းနေတုန်းပဲဆိုတာ...။
'အကိုအဲလက်စ် doctor နောက်လိုက်သွားလေ..ကျနော်တို့အကိုမိုးမခကိုဆက်ပြီးစောင့်ပေးပါ့မယ်'
'တကယ်လား..'
'အင်း..သွားပါ'.
'ကျေးဇူးပါ '
ကျနော်တို့နှစ်ယောက် အကိုမိုးမခရဲ့ အခန်းရှေ့ကိုသွားတော့...၊မမှူးမျက်နှာမကောင်းခဲ့ဘူး..။
'မမှူး..'
'မိုးမခဆုံးပြီ.. '
'ဘယ်လို..'
'သူဆုံးသွားပြီ အချိန်မမှီလို့မဟုတ်ပဲ..သူစိတ်လျှော့လိုက်လို့...သူဘဝကူးသွားတာ...သူနောက်ဆုံးပြောသွားတဲ့စကားကဘာလဲသိလား..'
'?'
'?'
ကျနော်နဲ့အကိုစည်သူ၊ မမှူးဆီကစကားကိုသေချာအာရုံစိုက်ရင်း၊တိတ်ဆိတ်စွာနားထောင်နေမိတယ်။
'​(ကိုကြီးကိုချစ်တယ်)'တဲ့လေ..အဟင့်အဟင့်..ငါသူ့ကိုအရင်ကကြည့်မရတာမှန်ပင်မဲ့ ဒီလိုကြီးကျတော့ မခံစားနိုင်ဘူး..သူလည်းBossကို မရရတဲ့နည်းနဲ့ကာကွယ်ပေးခဲ့တာ...'
မမှူးက မျက်ရည်တွေထိန်းမထားနိုင်တော့ပဲငိုချလာခဲ့တယ်လေ။
'ကျနော်လည်းပဲ အကိုမိုးမခကိုတောင်းပန်ချင်သေးတယ် ကျနော်အထင်လွဲခဲ့မိတာတွေအတွက်..'
တကယ့်ကိုမှစိတ်မကောင်းဖြစ်မိသလို၊အားလည်းနာမိတယ်။
'ဓနရောဘယ်လိုအခြေအနေရှိလဲ..'
'သူကအဆင်ပြေသွားပါပြီ..'
'သွားကြမလား'
'ဟုတ်ပြီလေ...အကိုအဲလက်စ်ကိုဒီအကြောင်းပြောပြသင့်တယ်လို့ထင်တယ်..'
...........
တစ်ဖက်တွင်လည်း...။
'ကိုကို...'
'မောင်..သတိရလာပြီပဲ ငါ့မှာစိတ်ပူလို့သေတော့မလိုပဲမောင်ရယ်...'
ဓနလေးသတိရလာတာနဲ့အဲလက်စ်က ဓနလေးကိုအုပ်မိုးရင်းဖက်လာတာမို့။
'ကျနော်တောင်းပန်ပါတယ် '
'ဘာအတွက်လည်း'
ကိုကိုကကျနော့်ကိုဖက်ထားရင်းပဲ၊ပြန်မေးလာခဲ့တယ်။
'ကိုကို့ကိုစိတ်ပူအောင်လုပ်မိသွားတယ်..'
ကျနော်အက်လိုပြောလိုက်တော့၊ကိုကိုက ဖက်ထားရာကနေခွာပြီး၊ ကျနော့်မျက်နှာကိုသေချာစိုက်ကြည့်ရင်း။
'ဟုတ်ပါပြီ မောင်အခုလိုငါ့ဆီပြန်လာတာနဲ့တင်ငါကျေးဇူးတင်နေပါပြီ'
'အကိုမိုးမခရော.. '
အကိုမိုးမခကိုလည်းတောင်းပန်ချင်တာမို့။
'ဝဏ္ဏတို့သူ့ကိုစောင့်ပေးနေကြတယ်..မောင်..ငါ့ကိုဂတိတစ်ခုပေး..'
ကိုကိုကလက်သန်းလေးထောင်ကာ၊ကျနော့်ကိုပြောလာခဲ့တာမို့။
'ဘာပေးရမှာလဲကိုကို'
'ငါ့ကိုထပ်ပြီးထားမသွားပါဘူးလို့...ငါမောင်မရှိပဲအသက်မရှင်နိုင်ဘူးဆိုတာသိရဲ့လား..'
ပြုံးမိတယ်။ကျနော်မရှိပဲ အသက်မရှင်နိုင်ဘူးတဲ့လား၊ကိုကိုရယ်။
'အို..ကိုကိုကတော့ ကဗျာတွေဆန်နေပါပြီနော်..ကျနော်ကပိုတောင်မနေနိုင်ဘူး..'
ကျနော့်စကားကြောင့်ကိုကိုမျက်နှာတည်သွားတယ်လေ။
'ဒါဆိုဘာလို့ထွက်သွားခဲ့တာလဲ'
'ကျနော်အိမ်ပေါ်ကနှင်ချခံရလို့လေ'
'အယ်..ဘယ်သူကနှင်ချတာတုန်း'
'မာမီတို့..'
'ကဲ..သူတို့မောင့်ကိုဘယ်နေ့ဒီအိမ်ကနေထွက်သွားရမယ်လို့ပြောတာလဲ'
ကျနော်ထင်နေသလိုပါပဲ၊မောင်အထင်လွဲနေတဲ့ကိစ္စကဒီကိစ္စကြောင့်ဆိုတာ။
'အက်တုန်းက၅လပိုင်းဆိုတော့ ကျနော့်ကို၆လပိုင်း၅ရက်နေ့မှာသွားရမယ်လို့ပြောတာ..'
'ဒါဆို..၆လပိုင်း၅ရက်နေ့ကဘယ်သူ့မွေးနေ့လဲ'
'ဟင်..မွေးနေ့....အမ်...ဘယ်သူ့မွေးနေ့လည်း'
ငတုံးလေး။ချစ်ဖို့ကောင်းတယ်။
'ခွေးပေါက်လေးကတော့ကွာ..မောင့်ရဲ့၁၈နှစ်ပြည့်မွေးနေ့ လေကွယ်'
'ဟမ်!ဟုတ်သားကျနော်မေ့နေတာ..ဒါမဲ့အက်တာနဲ့ဘာဆိုင်လို့လဲ..'
'မာမီတို့က မောင့်ကိုbirthday present အနေနဲ့
အိမ်ခြံဝန်းအပိုင်ပေးမှာမို့လို့ ဒီအိမ်ကထွက်သွားရတော့မယ်လို့ပြောတာ..မောင်ဘာ့သာအထင်တွေစွတ်လွဲနေပြီးတော့'
'တကယ်ကြီးလား..'
ကျနော်အက်လိုပြောတော့ဠမောင်ကခေါင်းတကုတ်ကုတ်နဲ့စဥ်းစားနေရှာတာ။ချစ်လိုက်တာကွာ။
'အွန်း...သူတို့ကကိုယ့်ကိုတောင်အသိပေးတာမဟုတ်ဖူး..မောင့်မွေးနေ့ရက်ရောက်မှ ငါ့ကိုပြောပြတာလေ..သူတို့လည်းမောင်ပျောက်သွားလို့ဝမ်းနည်းနေကြတာ...'
'ဟီး...မသိလို့လေဗျာ..'
အခုမှ ရယ်နေတဲ့ကောင်ပေါက်စလေး။
'awwဒါနဲ့ ငါဘာလို့မောင့်ကို ငါ့ညီအဖြစ်မသတ်မှတ်သလဲသိလား..'
'ဘာလို့လဲ'
'မောင်သာငါ့ညီအရင်းဖြစ်သွားခဲ့ရင်..ငါတို့ချစ်သူတွေဖြစ်လို့မရတော့ဘူး..ငါတို့လက်ထပ်လို့မရတော့ဘူး. တစ်သက်လုံးညီအကိုZoneမှာနစ်မြုတ်သွားရမှာ..'
အဲလက်စ်က ဓနနှခေါင်းလေးအားလက်ညှိုးလေးထိကာပြောလာခဲ့တယ်။
'wowကိုကိုက တအားဉာဏ်ပြေးတာပဲ..'
'ငါကဘယ်သူလဲ'
'ကျနော်ချစ်ရတဲ့ ကိုကို ဒေစီအဲလက်စ်ပါဗျ..'
'ဟီးးး'
ကိုကို့ကိုတင်းတင်းကြပ်ကြပ်ပြန်ဖက်ထားမိတယ်။
သူတို့နှစ်ယောက်ပျော်ရွှင်နေကြတဲ့အချိန်မှာ၊ ငါတို့ဝမ်းနည်းစရာသတင်းကို၊မပြောသင့်သေးဘူးထင်တယ်.....။
..........................ကြွေ...........................

''ကြွေ'' (Completed) Where stories live. Discover now