24

17.5K 2.8K 86
                                    



"......"

ရုံးခန်းအတွင်းရှိ လေထုဟာ ချက်ချင်းပင် ခဲသွားတော့သည်။

ရုံးခန်းတွင်းရှိ လူငါးယောက်မှာ အမျိုးသားလုပ် ဖော်ကိုင်ဖက်ကို အံ့သြတကြီး ငေးကြည့်ကြရင်း ထိုလူ့ပါးစပ်က လွှတ်ခနဲထွက်သွားတာကို သတိပြုမိလိုက်ကြတော့ ဘာပြောရမှန်းမသိဖြစ်သွားကာ အနည်းငယ် ကသိကအောက်ဖြစ်သွားကြသည်။

နောက်​တစ်​စက္ကန့်​မှာပဲ​ ​အေးစက်​​သောအကြည့်​တစ်ချက်က  သူ့အား လုံးဝ​အေးခဲသွားစေတော့လေသည်​။

နောက်ကိုလှည့်ကြည့်လိုက်တော့ ရှီယွင်နန်က တစ်လှမ်းခြင်း လျှောက်လာပြီး သူတို့ရဲ့ အကွာအဝေးကို နီးကပ်စေလိုက်သည်။ သူ့အကြည့်က တစ်ဖက်လူရဲ့ အလုပ် အိုင်ဒီကတ်ဆီကို ရောက်သွားပြီး  သူ့နာမည်ကို ဂရုမစိုက်သည့်ပုံဖြင့် ထုတ်ခေါ်လိုက်သည်။

"ချန်ဟွေ့?"

"ဖင်ကိုရောင်းတယ်ဆိုတာ ဘာကိုဆိုလိုချင်တာလဲ ရှင်းပြပေးလို့ရမလား?။"

ဒေါသထွက်နေတာမျိုးလဲမဟုတ်၊ ပြင်းပြင်းထန်ထန် မေးခွန်းထုတ်နေတာမျိုးလဲမဟုတ်ပဲ၊ သုကဒီဆတ်ဆတ်ထိမခံနိုင်တဲ့ ကိစ္စကို ရှောင်ဖို့ကြိုးစားနေတာမျိုးတောင်မဟုတ်ပေ။။

ရှီယွင်နန်ရဲ့ စကားများသည် ရှင်းလင်းပြတ်သားသော်လည်း ဒီငြိမ်သက်မှုအောက်မှာ ဖုံးကွယ်ထားသည့် ဖိအားက ပိုတောင် ကြောက်စရာကောင်းလှသည်။

လူအုပ်ကြီးမှာ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း အသက်ရှူသံတွေတောင် အနည်းငယ် နှေးလာတော့သည်။

ချန်ဟွေ့ နာမည်ခေါ်ခံလိုက်ရတော့၊ ဒီကသိကအောက်ဖြစ်သည့် အခြေအနေက ပိုဆိုးလာကာ အနည်းငယ်ရှက်သွားသည်။

"မစ္စတာရှီ၊ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် အဲ့လိုဆိုလိုတာမဟုတ်ပါဘူး..."

"ဒါဆို ဘယ်လိုဆိုလိုတာလဲ?"  ရှီယွင်နန် ထပ်မေးလိုက်သည်။

သူက ချန်ဟွေ့ရဲ့ အလုပ်အိုင်ဒီကတ် ကိုပေါ့ပေါ့တန်တန် ဆွဲလိုက်တော့ သူရဲ့ အလုပ်ကို ဖော်ပြထားသည့်နေရာကိုရှင်းရှင်း လင်းလင်း မြင်လိုက်ရလေသည်။   "ရှစ်နှစ်တောင် အလုပ်လုပ်ခဲ့တာကို အခုမှ အဖွဲ့ဝင်တစ်ယောက်ယောက်ပဲ ရှိသေးတာလား? ကျစ်..ကျစ်..."

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now