နှုတ်ခမ်းအထက်တွင် ငယ်ကိုယ်တိုင်တင်နေသော lip stick ၏ colourသည် သူထွက်မသွားခင်ကပဲ ရွေးပေးခဲ့တာဖြစ်သည်။ မှန်ထဲတွင် မြင်နေရသော ငယ့်ပုံစံသည် အညိုဖျော့ရောင်နှုတ်ခမ်းနီဖြင့် ရင့်ကျက်သည့်အသွင်ကို ဖော်ဆောင်နေပြီး ဒီနေ့အတွက်လို့ ငယ်သတ်မှတ်ထားသည့် ရင်ဖုံးနှင့်ထဘီသည် သျှားညိုရောင်ဖြစ်သည်။
အဝတ်အစားလဲပြီးသည့်အချိန်တွင် ငယ့်ဆံပင်အရှည်တွေကို ဒီတိုင်းချထားလိုက်ရင်း ငယ့်ကိုယ်ငယ်မှန်ထဲကို ကြည့်မိသည်။ မနေ့ကအထိ သူ့ရင်ခွင်မှာမှီနွဲ့နေခဲ့သောငယ်ဟာ ဒီနေ့မှာတော့ ဆိပ်ကမ်းကို သူဌေးမကြီးအဖြစ်နဲ့သွားရတော့မည်။
ဖေဖေ့ဆီကို ထမင်းချိုင့်သွားပို့မှာမဟုတ်ပဲ ငယ်ကိုယ်တိုင်ကဖေဖေ့လိုမျိုး အချိန်ပြည့်အလုပ်တွေထဲ ကျင်လည်ဖို့ဖြစ်ခဲ့ပြီဟု တွေးမိရင်း စီးကျချင်လာသည့်မျက်ရည်စီးကြောင်းကို မျက်ခမ်းအောက်မှာထဲက တစ်ခါတည်း ဖိသိပ်ကာဖယ်ရှားပစ်လိုက်သည်။
"မနက်စာစားမယ်....."
စားပွဲပေါ်သို့ မုန့်ပန်းကန်များ စီရီကာနေရာချနေသောသူက ငယ်ရပ်ကြည့်နေတာကို တစ်ချက်သာကြည့်လာပြီး ပန်းကန်တွေဆီမှာပဲ အာရုံစိုက်ကာ ပြောလာခြင်းဖြစ်သည်။ ထိုကြောင့်ငယ်သည် စားပွဲဆီသို့လျှောက်သွားရင်းကပင်....
"ဒီနေ့မနက်စာက ဘာဖြစ်မလဲ...""နန်းကြီးသုပ်၊ ဒီမှာ နင့်အတွက်...."
ငယ့်ရှေ့ကို ပန်းကန်ချပေးရင်း သူကမူပိုင်အာဏာရှင်အကြည့်တွေနဲ့ ကြည့်လာပြီး ဘာမှတော့ထုတ်မပြောသေးပဲ သူထိုင်မည်ဟုသတ်မှတ်ထားသော ခုံမှာဝင်ထိုင်သည်။
ထိုကြောင့် ငယ်လည်း ဘာမှဆက်မပြောတော့ပဲ နန်းကြီးသုပ်ကိုပဲ အာရုံစိုက်လိုက်တော့သည်။
"နို့ကုန်အောင်သောက်..."
နို့ကို မူလအရသာအတိုင်း ဖန်ခွက်ထဲထည့်ထားသည်ကို တစ်ဝက်လောက်ပင်လျှင်ငယ်မနည်းမြိုချထားရတာဖြစ်သော်လည်း စားပြီးသောက်ပြီးချိန်တွင် လက်ကိုင်ပဝါကိုခေါက်သိမ်းနေသူက အမိန့်ပေးလာသည်။
"ဒီနို့ကို ဒီတိုင်းကြီးမသောက်ပဲ သကြားတော့နည်းနည်းထည့်သင့်ပါတယ် ထည်ဝါရယ်။"
YOU ARE READING
အချစ်ဦး (Completed)