အခန်း-(၂၂) မမျှော်လင့်ထားတဲ့ ဧည့်သည်

215 39 2
                                        

Unicode

ကျွန်မတို့အားလုံး နယ်စပ်နေရာနဲ့ ဝေးလာတဲ့အခါမှပဲ ကျွန်မစိတ်တွေလည်း တည်ငြိမ်လာတော့တယ်။ပြီးတော့ နျွယ့်ကျွမ်းရဲ့ မျက်ဝန်းတွေကို ကျွန်မ ခဏခဏငေးကြည့်မိတော့ သူ့မျက်ဝန်းတွေက အရင်လို ဘာကိုမှဂရုမစိုက် အလေးအနက်မထားတဲ့ မျက်ဝန်းမျိုးမဟုတ်တော့ပါဘူး။အရောင်တလက်လက်နဲ့ တောက်ပနေတဲ့စိန်တွေအပြည့်ရှိနေသလို မျက်ဝန်းမျိုးပါ။ကျွန်မ အေးအေးလူလူငေးကြည့်နေချိန်တောင် သူ့မျက်ဝန်းက ကြယ်ရောင်တွေလို တလက်လက်ဖြာထွက်လာနေတာပါ။

ကျွန်မ နှုတ်ခမ်းတွေ အလိုမကျသလို စူမိတယ်။ပြီးတော့ အနက်ရောင်ဆံပင်အရှည်ကြီးနဲ့ အနက်ရောင် ဝတ်ရုံဝတ်ထားတဲ့ ကျွန်မရဲ့ ရိုးရှင်းနေတဲ့ပုံစံကို ပြန်ကြည့်မိတယ်။မနေနိုင်တော့တဲ့ အဆုံးမှာတော့ MF သုံးပြီး သွေးနီရောင်ဂါဝန်နဲ့ ကျွန်မရဲ့ ဆက်စီအသွင်ကိုပြန်ပြောင်းလိုက်ပါတယ်။ပြီးတော့ မြေပြင်မှာမြင်နေရတဲ့ ကျွန်မရဲ့ အရိပ်ကိုပြန်ကြည့်ပြီး အကျေနပ်ကြီး ကျေနပ်နေမိတယ်။ကျွန်မခေါင်းက အနီရောင် လှိုင်းတွန့်တွန့်ဆံပင်လေးတွေကြောင့် လူကအရပ်ပိုရှည်သွားသလို သွေးနီရောင်ဂါဝန်စလေးတွေကလည်း ကျွန်မတစ်ဖက်တစ်ချက်စီမှာ ဝဲကျနေပါတယ်။တစ်ဆက်ထဲမှာပဲ ကျွန်မရဲ့ အနီတောက်တောက် ဆံပင်ကောက်လေးတွေကို သဘောကျကျနဲ့ ဆွဲကိုင်ရင်း ရှူရှိုက်လိုက်တယ်။

ဆုန်းလုက ရုတ်တရက်နောက်လှည့်လာပြီး ကျွန်မရဲ့ လှုပ်ရှားမှုတွေကို စိုက်ကြည့်နေပါတယ်။သူမက ကျွန်မကို ချစ်စဖွယ်လေးပြုံးပြရင်း ကျွန်မခေါင်းကို လှမ်းပုတ်လာတယ်။

"အားရှန်းကလေ အနီရောင်ဝတ်ရတာ တကယ်ကြိုက်တာကိုး ပြောရရင် ရဲရဲတောက် လောင်ကျွမ်းနေတဲ့ မီးတောက်လို အရောင်နဲ့တူတယ်သိလား"

သူမရဲ့ မျက်ဝန်းတွေက ကျွန်မဝတ်စုံအောက်နားက ခြေကျင်းဝတ်နေရာကို စိုက်ကြည့်နေရင်း ဆက်ပြောလာတယ်။

"ဒါပေမဲ့ ဒီဝတ်စုံက အားရှန်းရဲ့ ခွဲထုတ်သင်္ကေတကို ပေါ်လွင်စေတယ်နော်"

ကျွန်မ ခြေကျင်းဝတ်နားပြန်ငုံ့ကြည့်မိတယ်။သူမပြောတာ မှန်ပါတယ်။ဒါပေမဲ့လို့ ကျွန်မအနက်ရောင်ဝတ်ရတာ မကြိုက်ပါဘူး။ပြောရရင် အနက်ရောင်ဆံပင်အရှည်ကြီးနဲ့ အနက်ရောင် ဝတ်ရုံဝတ်ထားရတဲ့ပုံစံကို မကြိုက်တာပါ။အဲ့လို ရိုးရိုးရှင်းရှင်းလှတဲ့ပုံစံတွေနဲ့ ဘာလုပ်ရမှာလဲလို့...

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Donde viven las historias. Descúbrelo ahora