Chapter - 102

7.2K 1.2K 81
                                    

တနင်္လာနေ့ နံနက်စောစောတွင်တော့ First Highကျောင်းတစ်ခွင်မှာ သတင်းတစ်ခု ပြန့်နှံ့သွားတယ်။

တစ်ချိန်က လူထုရှေ့မှာ ချစ်ရေးဆိုဖွင့်ဟခဲ့တဲ့ ကျောင်းလူဆိုးလေးဟာ နောက်ဆုံးတော့ အစွန့်ပစ်ခံလိုက်ရပါတယ်တဲ့။

သတင်းရဲ့ရင်းမြစ်ကတော့ စနေနေ့ညက ကိုယ်တွေ့သိလိုက်ရတဲ့သူဆီကလို့ ဆိုတာပဲ၊ အခန်း ၃၀၆ မှာ အကြီးအကျယ် ရန်ဖြစ်သံတွေ ပစ္စည်းကျကွဲသံတွေနဲ့ အော်ဟစ်သံတွေပါ ကြားရတယ်လို့ သူက ဆိုတယ်။

....

"မင်းကို လျှောက်သွားမနေပဲ အိမ်မှာပဲ စောင့်နေပါလို့ ငါမပြောဘူးလား! ဟမ်?"

Class 1က ကျောင်းသားတွေက အသံတွေကြားလို့ အပြေးလာကြည့်ကြတော့ ရှုပ်ပွနေတဲ့အခန်းကို တွေ့လိုက်ရတယ်။

ကျန့်ယောင်ရဲ့ မျက်နှာချင်းဆိုင်မှာ ရပ်နေတဲ့ ရင်းချယ်က ထုံးစမ်းအတိုင်း တုံဏှိဘာဝေမျက်နှာလေးနဲ့။
"ဖြစ်ပြီးတဲ့ကိစ္စကို၊ မင်းက ငါ့ကို အခုမှ လာအပြစ်တင်နေတော့ရော ဘာထူးမှာလဲ?"

"အပြစ်မတင်နဲ့ ဟုတ်လား၊ အဲ့တော့ မင်းက ဒါကို ငါ့အမှားလို့ ပြောချင်တာလား?"

ကောကျစ်ရှုန်းနဲ့ တခြားလူတွေက တံခါးဝကနေ အထိတ်တလန့်နဲ့ သတိအနေအထား။
"ယောင်ကော......ဘာတွေဖြစ်ကြတာလဲ? ဒီလောက်ကြီး ဒေါသထွက်နေရအောင်"

"မင်းတို့ကိုယ်တိုင်ပဲ သူ့ကိုမေးကြည့်လိုက်"
ကျန့်ယောင်က လှည့်ထွက်သွားတယ်။
"ဆောရီးပဲ ငါသည်းမခံနိုင်တော့ဘူး၊ လမ်းခွဲကြတာပေါ့"

တင်္နလာနေ့တစ်ရက်လုံး ကျောင်းမှာ ဒီအကြောင်းကပဲ ဟိုးလေးတကြော်ကြော်ဖြစ်နေတယ်။

စာမေးပွဲလည်းပြီးသွားပြီမို့ ကျောင်းသားတွေက ဘာမှမယ်မယ်ရရလုပ်စရာမရှိပဲ အားယားနေတာနဲ့အတူ ဒီကောလဟာလက လူတိုင်းရဲ့နားဝကို ရောက်ရှိနေလေတယ်။

အတိအကျ အကြောင်းရင်းကိုတော့ ဘယ်သူမှမသိကြပေ။

နောက်တော့ တစ်ယောက်ယောက်က အသေးစိတ်အကြောင်းကို သိသွားပုံရတယ်။

ရင်းချယ်ရဲ့လည်ပင်းမှာ အသစ်စက်စက် သွားရာတစ်ခုရောက်နေတယ်တဲ့။

Pay Attention To Me [Myanmar Translation]Where stories live. Discover now