အပိုင်း၂၄။ အပျော်မယ်တွေမှာလည်း မနှစ်သက်ရင်ငြင်းဆန်ပိုင်ခွင့်ရှိသည်။

1.2K 115 18
                                    

Uni

မုန်း ကားလေးကို မိုင်ကုန်မြင့်ပြီး မိမိတို့နေထိုင်ရာ ဘောင်ဒရီလမ်းရှိစံအိမ်ကြီးသို့ အမြန်နှုန်းနဲ့‌ေမာင်းနှင်လာခဲ့သည်။

အိမ်ရှေ့ရောက်သည်နှင့်ကားစက်သတ်လိုက်ပြီးကားပေါ်ကဆင်းလိုက်သည်။

" အမေ ဒါ သမီးတို့အိမ်လေ "

သည်ကဲ့သို့ပြောလိုက်တော့အမေ့မျက်ဝန်းတွေဟာတစတစပြူးကျယ်လာခဲ့သည်။

" ဒါ ငွေ အိမ် ငွေ့အိမ်လား သို့ပေမဲ့ ငွေအိမ်က သည်အိမ်မှမဟုတ်တာ"

" ဟုတ်ပါတယ် အမေရဲ့ ဒါမုန်းတို့အိမ်လဲဖြစ်သလို အမေ့အိမ်လဲဖြစ်တယ် လာလေ အမေ သမီးတို့အိမ်ထဲဝင်ရအောင်"

" ဟင် အင်းပါ "

မုန်းရဲ့လက်သွယ်သွယ်ကိုဆုပ်ကိုင်ပြီးမဝံ့မရဲဖြစ်နေသည့်အမေ့ကြောင့်မုန်းပိုပြီးလက်ဖျား‌ေတွကိုတင်းကျပ်စွာဆုပ်ကိုင်ထားမိသည်။

အိမ်ပေါက်ဝရောက်သည်နှင့်ကြီးမြကိုလှမ်းခေါ်လိုက်သည်။

" ကြီးမြရေ ကြီးမြ"

စားဖိုဆောင်ထဲမယ် ဒေါ်မြတစ်ယောက်ဟင်းချက်နေတုန်း သခင်မလေး၏ မခေါ်စဖူးခေါ်သံကြောင့် ဟင်းမွှေနေသည့်ယောင်းမလေးကိုတောင်မချရပဲ ချက်ချင်းဆိုသလိုပြေးထွက်လာခဲ့သည်။

အိမ်ပြန်ရောက်တိုင်းတစ်ခါမျှမခေါ်ဖူးတဲ့ သခင်မလေးက ဒီနေ့ကြမှထူးထူးဆန်းဆန်းဘာလို့ခေါ်ရတာတုန်း။

အိမ်ရှေ့ရောက်ရောက်ခြင်း အိမ်ပေါက်ဝမှာသခင်မ‌ေလး‌ေဘး၌မက်တပ်ရပ်နေသည့်အမျိုးသမီးကြောင့် ကြီးမြမှာ ကိုင်ထားသည့်ယောင်းမကို သတိလက်လွတ်အောက်ပစ်ချလိုက်မိသည်။

" သခင်မလေး..
သူ ..သူက"

မယုံကြည်နိုင်စွာမေးလိုက်တော့ သခင်မလေးက ပျော်ရွှင်စွာပြန်ဖြေလာသည်။

" ကြီးမြ အမေလေ သမီးကုန်တိုက်သွားတုန်းက လူဆိုးတွေအမေ့ကို လိုက်ဖမ်းတာတွေ့တော့ တစ်ခါတည်းခေါ်လာခဲ့တာ ဒါနဲ့အဖေရော"

သခင်မလေးက ပြောသာပြောနေတာ ပြောနေတဲ့စကားပေါ်မှာအာရုံမရှ်ိပဲ သခင်ကြီးကိုသာမေးနေသည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now