Hello

1.8K 108 12
                                    

Ficလေးနဲ့ ပတ်သတ်ပြီးနည်းနည်းပြောချင်လို့

အခုဖြိုးရေးထားတဲ့ficက ဖြိုးအဖေရဲ့ရွာကို ဇာတ်အိမ်တည်ပြီးရေးထားတာ 

2017လောက်တကည်းဖြိုးအဖေရွာကိုအလည်သွားတာကိုအမှတ်ရပြီဒီလိုရေးခဲ့တာပါ အဲ့ရွာက အရမ်းကြီးမဆင်းရဲသလိုအရမ်းကြီးချမ်းသာတဲ့ထဲလဲမပါဘူး

ဖြိုးတို့သွားတုံးက အဲ့ရွာမီးလဲရှိတယ် ရေခဲ
သေတ္တာတွေတောင်တစ်ချို့ပိုက်ဆံရှိတဲ့အိမ်တွေမှာ ဝယ်ထားတာရှိတယ်  ဘုရားပွဲတွေရှိရင်လဲနာမည်ကြီးတဲ့  ပွဲတွေကိုငှားကြတာ

ဒါပေမဲ့အဲ့ရွာကအစားအသောက်ကျရှားတယ် ဖြိုးတို့သွားတုံးကအဲ့ရွာမှာမုန့်ဆိုင်ဆိုလို့ 2ဆိုင်ဘဲတွေ့ခဲ့တယ် ရောင်းတာကလဲ 50တန်ငါးမုန့်ကြော် ဇီးပြား  ချိုချဉ် အချဉ်ပေါင်း တခြားဟာတွေ နည်းနည်းလောက်ဘဲရှိတာ ဟင်းချက်စရာနဲ့ပတ်သတ်ရင်လဲရွာမှဈေးမရှိဘူး

ဝယ်စရာရှိရင် စလေကိုကားနဲ့သွားရတာ ကားကတော့နေတိုင်းထွက်တယ် အပြန်အသွားမှ 300ဘဲပေးရတာ  စလေနဲ့ ညီးစုကသိပ်မဝေးဘူး ဆိုင်ကယ်နဲ့ဆိုရင်ကိုမိနစ်20လောက်မောင်းရင်ရောက်တယ် စလေမှကျတော့ အကုန်ရတယ် ဟင်းချက်စရာနဲ့တခြားပစ္စည်းတွေလဲရောင်းတယ်ကွာ

ရွာကလူတွေက 10ရက်စာ15ရက်စာဝယ်ထားကြတာများတယ် အသီးအရွက်တွေကတော့ ရွာတင်လဲရတယ် အသားငါးတို့ ငါးခြောက်လေးတွေဘာလေးတွေဆို စလေသွားတုံး ပိဿာချိန်နဲ့ဝယ်ထားကြတယ် အဲ့တာကုန်မှစလေကိုသွားကြတာ

အဲ့ရွာမှာတခြားထူးခြားတာက မွေးလို့ရတဲ့အကောင်နဲ့မွေးလို့မရတဲ့အကောင်ဆိုပြီးလဲရှိတယ် ပြီးတော့ ပုဂံသွားတဲ့လမ်းမှာဆို ကားတွေစီကနေပိုက်ဆံလိုက်တောင်းတဲ့သူတွေရှိတယ် အဲ့ရွာမှလဲအဲ့လို အရာရှိတယ် အကြောင်းအရာချင်းကတော့မတူဘူးပေါ့ အဲ့အကြောင်းကို နောက်ပိုင်းတွေမှာထည့်ရေးပေးမယ် အဲ့ရွာက အပင်ကြီးတွေကဆိုလေ အဝေးကနေကြည့်ရင်တောင် သရဲ‌ခြောက်တယ်ထင်ရလောက်အောင်ကိုကွာ အကြီးကြီးနဲ့ အမြင့်ကြီးတွေ အပင်အောက်ဆိုနေတောင်မထိုးနိင်ဘူး  ပြီးတော့တခြားထူးခြားတဲ့အခါတွေလဲရှိတယ်။  ရွာလေးကမြစ်ဘေးမှ တည်ထားပါ ရွာထဲကိုတော့ရေ‌မရောက်ပါဘူး

အဲ့တာတွေကို နောက်ပိုင်းတွေထည့်ရေးရင်းပြောပြပေးမယ် ဖြိုးရဲ့ficနဲ့ပတ်သတ်ပြီးမသိတာဘဲဖြစ်ဖြစ် မရှင်းတာဘဲရှိရှိ လာမေးလို့ရပါတယ် အဲ့တာလေးပြောချင်လို့ပါ














ဒေါင်းWhere stories live. Discover now