Part - 42

28.2K 1.9K 85
                                    

Part - 42

                 My Oleander Hubby

နောက်ဆုံးတော့ မဖြစ်မနေဘဲ ရန်ကုန်ကိုပြန်ရမယ့်
အချိန်ကိုရောက်ခဲ့ပါပြီ ။ ဒီနေ့ကမပြန်ခင်နောက်ဆုံးညပေါ့ ။ ကိုယ်ပြန်ရမယ့်အကြောင်း ရာဇ်ကိုသေသေချာချာပြောပြခဲ့ပေမယ့် ရာဇ်ကတော့ လိုက်ခဲ့မို့ အရိပ်အယောင်လေးတောင်မပြတာမို့ စကားလဲရှေ့ဆက်မတိုးရဲတော့ပါ ။

သား နဲ့ သူ့ကိုမခွဲနိုင်တော့လို့ တစ်ခါထဲပြန်လိုက်ခဲ့ပါလို့ခေါ်လိုက်ချင်ပေမယ့် ရာဇ်ဘက်ကနေတုန့်ပြန် လာမယ့်စကားလုံးတွေကို ခံနိုင်ရည်မရှိပါ ။ ကိုယ့်ကို ဒီမှာနေခွင့်ပြုထားတာကပင် ရာဇ်အတွက်
ခက်ခဲလွန်းလှပြီ ။ ဘယ်သူကများ သူတို့အတွက်
ကိုယ်ရောစိတ်ပါ ချုံးချုံးကျနာကျင်စေခဲ့တဲ့ နေရာဟောင်းတစ်ခုဆီကို အလွယ်တကူပြန်သွားချင်မလဲ။
ရာဇ်အမှားမှမဟုတ်ခဲ့တာလေ။

နောက်ဆုံးတော့ ကိုယ့်ဘာသာစိတ်ဖြေပြီး ရန်ကုန်ပြန်ရလဲ အလုပ်တွေပါးတာနဲ့ ပြင်ဦးလွင်ကိုမကြာခဏပြန်လာဖို့ တွေးထားလိုက်သည် ။ မပြန်ခင်နောက်ဆုံးညမို့ ကိုယ်က ပြန်ယူသွားရမယ့်ပစ္စည်းတွေကိုသိမ်းနေတဲ့အချိန် ဂျွန်နဲ့ရာဇ်ကအခန်းထဲဝင်လာပြီး ----

" ခင်ဗျား ဆေးတွေကျန်နေခဲ့မယ်နော် ၊ သေသေချာချာယူသွား "

" ကိုယ် ထည့်ထားပါပြီ "

ပစ္စည်းတွေသိမ်းနေတဲ့ ကိုယ့်ကိုကြည့်ရင်း ဂျွန်က ဇဝေဇဝါဖြစ်နေတဲ့မျက်နှာလေးနဲ့ ----

" ဒယ်ဒီ ရန်တုန် ပြန်ဖို့ရား "

မေးလာတဲ့ပုံလေးက မဝံ့မရဲ ။ သားပုံစံကိုမြင်ရတော့
ိစိတ်ထဲမကောင်းလှ ။

" ဟုတ်တယ် ဒယ်ဒီရန်ကုန်ခဏပြန်ဦးမယ်နော် "

သားက ကိုယ်ဆီကိုပြေးလာရင်း ---

" ဂျွန် ရဲ လိုက်မယ်ရေ ၊ ဒယ်ဒီနောက်ရိုက်မှာ "

ငိုမဲ့မဲ့နဲ့ပြောလာတဲ့သားရဲ့စကားအဆုံးမှာ ---

" ဂျွန်! !!! အခုပြန်လာစမ်း "

ရာဇ်ရဲ့အော်လိုက်တဲ့အသံက တော်တော်လေးကိုကျယ်လောင်လွန်းတာမို့ ဂျွန်လေးခမျာ ဆက်ကနဲတောင်တုန်သွားရှာသည် ။ လန့်သွားတာမို့ ဂျွန်က
ကိုယ့်ရင်ခွင်ထဲပြေးဝင်လာကာ အော်ငိုလေတော့သည် ။

My Oleander Hubby ( Completed ) Where stories live. Discover now