𝙼𝚊𝚔𝚎 𝚈𝚘𝚞 𝙼𝚒𝚗𝚎-7:𝙾𝚑...𝙼𝚈𝙶

113 12 7
                                    

[အိုး.. မင်ယွန်းဂီ]

*အဟွတ်*

-မုန့်စားနေရင်းမှ သူ့မြင်ကွင်းက ဖြတ်သွားသည့် ပုံရိပ်ကြောင့် သီးသွားရသဖြင့် ဘေးနားရှိ ရေဘူးကိုအမြန်ဖွင့်ကာ သောက်လိုက်ရသည်။

-ထို့နောက်တွင်တော့ "ဘုရားဘုရား မင်ယွန်းဂီ"ဟူ၍သာ တ,နေရတော့သည်။

-ခင်ဗျားကလေ..ဘောင်းဘီအတိုလေးနဲ့။ ဖွေးဥနေတဲ့ ခြေတံလေးတွေကို မြင်ဖူးကြလား၊ သွယ်လျနေပြီးတော့လေ။

-သူ့နှာခေါင်းက စိုစွတ်လာသည်ဟုခံစားရသဖြင့် လက်ဖြင့်ပွတ်ကြည့်တော့မှ နှာခေါင်းသွေးလျှံနေသည်ကို သိရသည်။

"ဟေး Mr.Min"

"ဘာများလဲ"

-တစ်ဘက်အိမ်သို့ အပြေးသွားကာ တံခါးခေါက်လိုက်သည်။

-တံခါးပေါက်ကို အနည်းအကျဉ်းသာ ဖွင့်ပေးလာသောကြောင့် အထဲကို ချောင်းကြည့်မိသည်။ မြင်ရလို မြင်ရငြားပေါ့။

"ဝင်လာလို့ရလား"

"မရဘူး"

-ယတိပြတ်ကို ငြင်းချသည်။ စိတ်မကွက်မိဘဲ ပြောင်စပ်စပ် မျက်နှာဖြစ်သွားတော့ ခင်ဗျားက ရှက်သွားသည်ဟု ကျွန်တော်ခံစားမိလိုက်သည်။

"ဘာလို့လဲ ဘောင်းဘီအတိုလေးနဲ့ မို့လို့လား"

"မင်း ကျုပ်ကို ချောင်းနေတာမလား"

"အိုဗျာ...လှလို့ကြည့်တာ၊ ခင်ဗျား ပေါင်တံလေးတွေက..."

-အပြုံးကြီးကြီးနှင့် ဆက်၍စနေမိသဖြင့် ခင်ဗျားက နေမထိထိုင်မသာဖြစ်လာတော့သည်။ ဘုရားရေ...ကျွ‌န်တော့်မင်ယွန်းဂီက ရှက်နေတာလား။

"တော်တော့ ပေါက်စရဲ့"

-အိုး..ကျွန်တော့်ရဲ့ မင်ယွန်းဂီက အပျိုဖြန်းလေးလို ရှက်နေပါရောလား။

[15.july7.2022]

𝙳𝚘𝚞𝚋𝚕𝚎 𝙼𝚒𝚗 [𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬]Where stories live. Discover now