အပိုင်း(12)

3.9K 357 46
                                    

အလင်းကိုကောင်းစွာမမြင်ရတဲ့ အိမ်ကျဉ်းကျဉ်းလေးရဲ့ စာပွဲခုံအဟောင်းလေးပေါ်မှာသားမိနှစ်ယောက် ဟင်းလေးနှစ်ခွက်နဲ့ ထမင်းကို မြိုင်ရေ ယှက်ရေစားသောက်နေသည်

"မေမေ ဘာလို့ တုံးတုံးမစားတာယဲ

"‌အမေက တုံးတုံးမကြိုက်ဘူးသားရဲ့ အမေက အရိုးဘဲကြိုက်တာ  သားဘဲ တုံးတုံးစားနော်

"တီတီနှင်းသွေးကကြောတယ် မေမေကိုအားရှိအောင် တုံးတုံးကျွေးလိုက်တဲ့

" မေမေကတုံးတုံးမှမကြိုက်တာသားရယ် သားဘဲစားနော် ပြီးတော့မေမေက အရိုးစားလဲအားရှိပါတယ်

"အဲ့တာဆို သားဘဲတုံးတုံးနှစ်ခုစားလတ်ပြီနော်

"အေးအေး

ဒေါ်မြင့်သားလေးကိုကြည့်ပြီးမျက်ရည်ဝဲမိတယ်  မိစုံဖစုံနဲ့မနေရတဲ့အပြင် သူများကလေးတွေလို ပြည့်ပြည့်စုံစုံ နဲ့လဲမနေရ  လိုချင်တာလဲ ဝယ်မပေးနိုင် သူများကလေးတွေ  သားလေးကို ပြည့်ပြည့်စုံစုံသားပေးချင်ပေမဲ့ ဒီဘဝတော့မဖြစ်နိုင်တော့ဘူး 

နောင်ဘဝဆိုတာသာရှိရင် ကျွန်မရဲ့သားလေးကို ပြည့်ပြည့်စုံစုံနဲ့ လူတန်းစေ့ နေနိုင်အောင် ထားချင်ပါသည် ။

"မေမေ ဘာရို့ငိုနေတာယဲ

ဒေါ်မြင့်မျက်ရည်တွေကို လက်နဲ့သုတ်လိုက်ပြီ

"‌အမေမျက်လုံးထဲ အကောင်ဝင်သွားလို့ပါ မေမေမငိုဘူးနော် အဟွတ် အဟွတ် !!

" မေမေရေရေ

ရေရေဆိုပြီးသောက်ရေ အိုးစဉ်ကရေပြေးခပ်တဲ့သားလေးကိုကြည့်ပြီး သနားမိတယ် သိပ်မကြာခင်အချိန်မှလူလောကကိုတစ်ယောက်ထဲရှင်သန်ရတော့မယ် ငါသားလေး လူကောင်းတွေနဲ့ တွေ့ဆုံပါစေလို့အမေဆုတောင်းပါတယ်

"မေရေရေ

"အေးအေး

သားဆီကရေကိုယူသောက်လိုက်ပြီး

"သားထမင်းစားပြီးရင် တီတီနှင်းတို့အိမ်သွားစာလုပ်နော်

"မေမေနားမှလုပ်မယ်လေ

"အိမ်မှာကခြင်တွေကိုက်တယ် သားရဲ့ တီနှင်းတို့အိမ်သွားလုပ်နော် အဲ့ကခြင်မကိုက်ဘူး

ဒေါင်းWhere stories live. Discover now