အပိုင်း(၅၁)

9.4K 577 49
                                    

" ကလေးငယ်...ကိုယ်ပါကွာ ၊ ခဏလောက် စကားပြောခွင့်ပြုပါနော် "

" ဘာတွေ လာပြောနေလဲ လွတ်စမ်း ....ကျုပ်ကို လက်ကိုလွတ် "

လက်နှစ်ဖက်ကို ဆွဲချုပ်ထားသော ထိုလူလက်အတွင်းမှ လွတ်အောင် ရုန်းကန်ရင်း ကိုယ်ရှေ့မှ သနားစရာမျက်နှာ ဟန်ဆောင်နေသော သည်လူကို စိတ်ရှိတိုင်း ရိုက်သတ်ချင်မိသည်။ လူပလီ၊ ကလိမ်ကကျစ် ဉာဏ်ရောင်စုံကို သူတက်ကျွမ်းတယ်၊ ဖြူစင်တဲ့ အရောင်ကို လှလှပပ ဆေးခြယ်တဲ့နေရာ ၊ သူတပါးဘဝကို ရက်ရက်စက်စက်လဲဖြိုနေရာမှ အန်မတန်ကျွမ်းကျင်လှသည်။ အကွက်ကျကျ စီမံလို့ အဖြူထည်ဘဝကို နှင်းချေ ခဲ့ပြီးမှ ဘာကို လာတောင်းပန်လဲ ၊ ဘာတွေအတွက်များ တယုတယ စကားလုံးတွေ၊ ငိုချင်းရှည်တွေနဲ့ သီကျူးချင်နေလဲ။ တစ်ချိန်တခါ ခဲမှန်ဖူးသူမို့ အသံကြားရင် လန့်တက်တဲ့စိတ်က တိုးဝင်လာတယ်၊ တစ်ကြိမ်ဆိုရင် လုံလောက်ပြီ၊ တစ်ကြိမ်ခံရဖူးတာနဲ့ သေလူလို အသက်မဲ့ရှင်သန်မူတွေ နာကျင်မူများစွာ ပွေ့ပိုက်ပြီး စွန့်ပစ်မူတွေပါ ခါးစည်းခံခဲ့ရဖူးသည်။ တော်ပြီ .....ဆက်တွေးရင်ခွင့်မလွတ်နိုင်ထက် ကိုယ့်မျက်စိအမြင်ရှေ့ကို ကြည့်မနေချင်သည်အထိ နာကျည်းမူ ထုထည်က ကြီးစိုးနေလို့ သည်လူကို မမြင်လိုဘူး၊ သည်လူ ပြောစကား ခါးသက်လှသည်။ သားငယ်တည်ရှိမူသာ မရှိခဲ့ပါရင် ၊ သားငယ်အသိလေးထဲ သည်လူက သားဒယ်ဒီ မဟုတ်ပါရင် သံသရာတစ်ကွေ့ ထပ်ဆုံဖို့ မမျှော်လင့်သလို သူနဲ့တွေ့ဆုံဖူးသည့် ရေစက်ဆိုးကို အပြီးတိုင်ဖြတ်တောက်မည်။ ခုတော့ သားငယ်၏ ဖခင် ၊ သားငယ်တမ်းတခေါ်ဝေါ်နေပါသော ဒယ်ဒီဆိုတဲ့စကားစု ကို သည်လူက နေရာရထားသည်၊ ကျွန်တော် လက်လွန်စပါယ် လုပ်၍ မဖြစ်နိုင် ၊ စိတ်ရှိတိုင်းပေါက်ကွဲ ရရင် သည်လူ လူလောကအလယ် ရပ်တည်ဖို့မဖြစ်နိုင်အောင် တန်ပြန်မူပေးချင်သည်။ ခုတော့ ...သားငယ် ဟုသော သွေသားစကားတွေကြောင့် ရှောင်နိုင်သမျှ ၊ တက်နိုင်သမျှ မမြင်လိုပြီ။

" မရုန်းပါနဲ့ ကလေးရာ ၊ ကိုကို တောင်းပန်တယ်နော် ကိုယ်သိပ်မိုက်မဲခဲ့တယ် ကလေးအပေါ် လူမဆန်ခဲ့ဘူး ၊ ကိုယ် မှားခဲ့ပါတယ်ကွာ ...ကိုကိုလေ...အခု နောင်တ ရနေပါပြီ ၊ ကိုကို အမှားတွေအတွက် ပူလောင်နေရပါပြီကွာ ...ကိုကိုတောင်းပန်ပါတယ်ကလေးရာ "

ချစ်ခြင်းတို့အလွန် Where stories live. Discover now