အပိုင်း၂၅။ ဟန်ဆောင်ခြင်း‌ေတွအတွက်အမှန်တရားပေါ်ပေါက်မြဲ။(uni+Zawgyi)

1K 100 12
                                    


Uni
မြို့အုပ်မင်းတစ်ယောက် အပေါ်ထပ်ပြတင်းပေါက်နားကနေ လေကောင်းလေသန့်ရှုနေတုန်း ရုံးအပြင်ဘက်မှာ မက်တပ်ရက်နေသည့် ကောင်မလေးနှစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုနှစ်ယောက်ထဲက တစ်ယောက်ဟာဆိုလျှင် သူလိုက်ရှာနေသည့် ရနံ့ငယ်လေးဖြစ်နေသည်ကြောင့် ချက်ချင်းဆိုသလိုပင် ရုံးခန်းအောက်ထပ်သို့ပြေးဆင်းသွားလိုက်သည်။

မြို့အုပ်မင်းရုံးခန်းရှေ့ရှိစာရေးငယ်တို့မှာ ဂုဏ်သိက္ခာကြီးမားလှပါသောမြို့အုပ်မင်းက အိန္ဒြေတောင်မဆည်နိုင်ပဲ အပြေးအလွှားဆင်းပြေးသွားသည်ကြောင့်အံ့အားတကြီးဖြစ်နေကြသည်။

မြို့အုပ်မင်းရဲ့ဂုဏ်အင်ကိုတောင်ဂရုမစိုက်နိုင်ပဲ အပြေးအလွှားပြေးစေသူကအဘယ်သူနည်း။

ဘယ်လောက်တောင်လှပသည့်အမျိုးသမီးဖြစ်ပေလို့ မြို့အုပ်မင်းက ဤကဲ့သို့ဖြစ်သွားရတာလဲဆိုတာ  အကုန်လုံးတွေးနေကြတဲ့မေးခွန်းတစ်ခုပေ။

လင်းမြင့်ဇရာမျိုးအောက်ထပ်ပြေးဆင်းသွားပြီးရုံးအပြင်ဘက်ခုနက ရနံ့လေးရပ်နေသည့်နေရာကိုအပြေးအလွှားသွားလိုက်သည်။ သူသွားတာနောက်ကြသွားခဲ့သည်။ ထိုနေရာမှာရနံ့လေးမရှိပေတော့။
ကံကြမ္မာကတောင်တွေ့ခွင့်ပေးခဲ့သော်လည်း သူ၏အသုံးမကျမှုကြောင့်ရနံ့လေးနှင့်နောက်တစ်ကြိမ်ကွာဝေးလို့သွားပြန်သည်။

သို့ပေမဲ့ရနံ့ငယ်လေးက သည်လိုနေရာကိုဘာလာလုပ်တာတုန်း ။ မှုခင်းအရေးနဲ့ကြုံရလို့များလား။

ထိုသို့တွေးလိုက်သည်နှင့်ရင်ထဲမှာဗလောင်ဆူလာပြီး ရုံးအတွင်းဘက်ကိုပြန်ပြေးဝင်ပြီးစာရေးစားပွဲမှာထိုင်နေသည့်စာရေးကိုဒေါသတကြီးမေးမိသည်။

" စောနက လာတဲ့မိန်းကလေးငယ်က ဒီကိုဘာလာလုပ်တာလဲ!"

ကြောင်အမ်းအမ်းလုပ်နေသည့်စာရေးကြောင့် ဘေးနားက မြေဖြူဗူးနဲ့‌ကောက်ပေါက်ချင်စိတ်‌ေတ္ မနည်းထိန်းထားရသည်။

" ကျုပ်မေးနေတယ်လေ စောနက အမျိုးသမီးငယ် သည်လိုနေရာကိုဘာလာလုပ်တာလဲလို့!"

" ဟို မြို့အုပ်..မြို့အုပ်မင်း ဘယ်သူ့ကိုပြောတာလဲဗျ "

မြို့အုပ်မင်းရဲ့ဒေါသကိုရင်ဆိုင်နေရရှာတဲ့စာရေးလေးဟာ သူဘာမှမလုပ်မိပဲအဆူခံနေရသလိုခံစားနေရတာကြောင့်ဝမ်းနည်းလာသည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now