25

18.3K 2.8K 148
                                    

Unicode

နောက်ဆုံးတော့ လော့လင်းရှန်းက ညစာစားဖို့ကို သဘောတူလာခဲ့သည်။

ရှီယွင်နန် ရွေးထားတဲ့ စားသောက်ဆိုင်က မြို့လယ်ခေါင်မှာ တည်ရှိ၏။ ပိုင်ရှင်မှာ ပြင်သစ်စုံတွဲဖြစ်ပြီး သူတို့ချက်ပြုတ်တဲ့ အစားအစာအားလုံးမှာ ပြင်သစ်အစားအစာစစ်စစ်ဖြစ်လေသည်။

နှစ်ယောက်သား အစောကြီးရောက်သွားပြီး ပြတင်းပေါက်နားက ခုံကိုရွေးလိုက်ကြသည်။

လူတွေ လာလိုက်သွားလိုက်လုပ်နေတဲ့ ခန်းမနဲ့ ယှဉ်ရင် ဒါကအတော်လေး တိတ်ဆိတ်ပြီး ပွဲရဲ့စင်မြင့်နဲ့လည်း နီးကပ်လွန်း၏။ တကယ့်ကိုညစာစားဖို့ နေရာကောင်းတစ်ခုပင်။

ရှီယွင်နန်က ဝိုင်ဖန်ခွက်ကို လှုပ်ယမ်းလိုက်ပြီး အရင်မြှောက်လာသည်။

"လော့လင်းရှန်း ၊ ကျွန်တော်ခင်ဗျားနဲ့ ခွက်ချင်းတိုက်လို့ရလား? ဒီအတောအတွင်း ခင်ဗျားကိုတင်နေတယ့်ကျေးဇူးလို့ သဘောထားလိုက်ပါ။"

"ကျေးဇူး?" လော့လင်းရှန်းက ထိုစကားလုံးကို ပြန်ထုတ်ပြောလိုက်သည်။

"အင်း။"

ရှီယွင်နန်သည် လက်စားချေတတ်တဲ့သူဖြစ်သလို ကျေးဇူးသိတတ်တဲ့ သူလည်းဖြစ်၏။

အပြင်လူတွေရဲ့ ပါးစပ်ထဲမှာတော့ လော့လင်းရှန်းက သွေးအေးတဲ့သူ ဖြစ်ချင်ဖြစ်မယ်။ ရှီယွင်နန်ကတော့ထိုသို့ မထင်ပေ။ "ခင်ဗျားက ရှီအိမ်တော်ကနေထွက်လာဖို့ ကူညီပေးတယ်၊ ကျောင်းမိသားစုပွဲတုန်းကလည်း ကူညီပေးတယ်၊ ကျွန်တော်..."

"မင်း ကိုယ့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး၊ ကိုယ်မရှိရင်တောင် မင်းက ဒီကိစ္စတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။ " လော့လင်းရှန်းသူပြောမယ့်စကားကို ကြားဖြတ်တားလိုက်သည်။

တော်တော် သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်အနေအထားကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။ သူရဲ့ ပုံမှန်အေးစက်တဲ့အပြုအမှုများကလည်း အရင်ကထက် အနည်းငယ်လျော့ပါးနေလေသည်။

ရှီယွင်နန် အပြုံးလေးတစ်ခုကို ဆင်မြန်းလိုက်ပြီး သူ့ဖန်ခွက်ကို မြှောက်ကာ ခွက်ချင်းတိုက်လိုက်သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now