Chapter 29.2

4.2K 711 11
                                    

(Unicode)

သူတို့နှစ်ယောက်သားက ဘေးချင်းယှဉ် လျှောက်ခဲ့ကြပြီး ပိုင်မုရဲ့မျက်နှာသာပေးမှုကို ရရှိဖို့ ခဲယ်လ်တစ်က သူ့စိတ်ထဲမှာပြင်းပြင်းထန်ထန် ကြိုးစားခဲ့တယ်။  အဲဒါတွေက တကယ်အလုပ်ဖြစ်တယ်လို့ မျိုးနွယ်စုခေါင်းဆောင်က ပြောခဲ့တာမလား။  ဒါပေမယ့် ပိုင်မုက ကန်စွန်းဥတွေကို ဘယ်လိုစိုက်ပျိုးပြီး နောက်ပိုင်းမှာ ဘယ်လိုရိတ်သိမ်းရမလဲဆိုတာကိုပဲ  စဉ်းစားနေတယ်။

  " ပိုင်မု၊ မင်းက အန်နာနေကြာပန်းဧကရာဇ်လိုပဲ ကြည့်ကောင်းတယ် ကိုယ် မင်းကို အရမ်းသဘောကျပြီး မင်း ကိုယ့်ကို လက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်"ခဲယ်လ်တစ်က အကြာကြီးထိန်းထားပြီးနောက်မှာ အထစ်ထစ်အငေါ့ငေါ့နဲ့  နောက်ဆုံးတော့ အဲ့လိုဝါကျတစ်ကြောင်း ကို ပြောခဲ့တယ်။

အန်နာကျင်းတိပန်းက တောနက်ထဲမှာ‌ပေါက်ပြီး  နူးညံ့လှပတဲ့ နေကြာပန်းဖြစ်တယ်။ဒီနေရာမှာတော့ အန်နာကျင်းတိပန်းကို မိန်းမတွေရဲ့အသွင်အပြင်ကို နှိုင်းယှဉ်ဖို့ peonyပန်းကို အသုံးပြုသလိုမျိုး မိန်းမပျိုတွေရဲ့အသွင်အပြင်ကို နှိုင်းယှဉ်ဖို့ အသုံးပြုကြတယ်။  ဒါကို ပိုင်မုက နောက်ပိုင်းကျမှ သိခဲ့တာ။  သူ သိတဲ့အချိန်တုန်းက သူ့ကို မိန်းမတစ်ယောက်လို ဆက်ဆံတာလို့ ခံစား ရတယ်။ဒါပေမယ့် ဒီကမ္ဘာမှာ သူက မိန်းမတစ်ယောက်လို့ သတ်မှတ်နိုင်တာကြောင့် အလားတူအချက်တော့ မှန်ကန်ပုံပေါက်တယ်။ စိတ်ရှုပ်ထွေးနေတဲ့ပိုင်မုက စိတ်ပိုရှုပ်သွားပြီး စိတ်ဓာတ်ကျသွားတယ်။  နောက်ဆုံးမှာ သူ့နှလုံးသားထဲကနေကို စိတ်ဓာတ်ကျနေတဲ့ ပိုင်မုက သူရဲ့ခံစားချက်တွေကို ထုတ်ပြောဖို့ ခဲယ်လ်တစ်ကို (တို့)ဆိတ်လိုက်တယ်။

" ဟမ် . . . ခင်ဗျား ဘာပြောလိုက်တာလဲ . "  အဲ့လိုသိမ်မွေ့တဲ့ စကားတွေကို ခဲယ်လ်တစ်က ရုတ်တရက် လေးလေးနက်နက်နဲ့ ပြောလိုက်တော့ သူမှားကြားမိတာလို့ ပိုင်မုက ထင်သွားတယ်။

ပိုင်မုက ရှင်းရှင်းလင်းလင်း မကြားလိုက်ဘူးလို့ ခဲယ်လ်တစ်ထင်တာကြောင့် သူအခုလေးတင် ပြောခဲ့တာကို ထပ်ခါထပ်ခါ ပြောခဲ့တယ်။ ပိုင်မုက အံ့သြသွားတယ်။  ဒါက သီဆိုထားတဲ့သီချင်းမဟုတ်ဘူးလား။  သူဖျားနေတာများလား။  သူဘာလို့ ဒီလိုစကားမျိုး တွေးတောင်မတွေးပဲ ပြောရတာလဲ။  ပိုင်မုက လက်ဆန့်လိုက်ပြီး ခဲယ်လ်တစ်ရဲ့ နဖူးကို ထိလိုက်တယ်။  သူ့မှာ အဖျားမရှိဘူးပဲ။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now