Chapter-28
7.8K 1.1K 44
Zawgyi
ဂျော့ဖရေးဟာ ဒန်နာရီကို ရိုစဲဆလပ်ဥယာဉ်ထဲက ခုံတန်းပေါ်ထိုင်ခိုင်းလိုက်ပြီးနောက်မှာ သူဟာ ဗူးတစ်ဗူးကို အိတ်ထဲကနေ ထုတ်လိုက်သည်၊
"ဒန် မကြာခင်မှာ ယူနိုရက်စ်နယ်မြေကို သွားတော့မှာမလား ဒါကြောင့် ဒန်အတွက် ကိုကိုလက်ဆောင်ပြင်ဆင်ထားတယ်"
အနီရောင်ဗူးကို ဖွင့်လိုက်ပြီးနောက် ငွေရောင်ကြိုးမျှင်သေးသေးနဲ့ဆွဲကြိုးကို ဂျော့ဖရေးဟာထုတ်ယူလိုက်တော့သည်၊တိမ်စိုင်လို​ကွေး​ကောက်​နေတဲ့ကနုတ်​တွေထဲမှာ လက်သည်းလောက်ရှိတဲ့ပတ္တမြားတည်ရှိနေပြီး အဖျားမှာလည်း ရွှေအိုရောင်ကျောက်တစ်မျိုးရှိနေသည်၊ပုံပန်းသဏ္ဍာန်ရိုးရှင်းပြီး ယောကျာ်းလေးဝတ်ဖြစ်သည့်အပြင် ထူးခြားမှုတွေပါ ပေးအပ်နေသလိုခံစားစေရသည်၊
"အန်ဂနိုရာကျောက်" ဒန်နာရီဟာ ရွှေအိုရောင်ကျောက်ကိုကြည့်ရင်းပြောလိုက်သည်၊အန်ဂနိုရာကျောက်တွေဟာ ရှားပါးရုံသာမက သူတို့ဟာ နဂါးတွေရဲ့နှလုံးသားထဲမှာ တည်ရှိနေတဲ့ကျောက်တစ်မျိုးဖြစ်ပြီး သေးငယ်သောပမာဏသာရှိနေတတ်သည်၊အန်ဂနိုရာကျောက်တွေရဲ့ထူးခြားချက်ကတော့ အလင်းသူတော်စင်စွမ်းအားမျိုးကို ထုတ်လွင့်နိုင်စွမ်းရှိသည်၊ဒန်နာရီဟာ ဂျော့ဖရေး သူ့ကိုဘာကြောင့်ပေးလဲ နားလည်သည်၊
ယူနိုရက်စ်နယ်မြေဟာ ငရဲဂိတ်ဖြစ်ပြီး အမြဲတစေမိစ္ဆာတွေနဲ့တိုက်ခိုက်နေရပြီး လူတွေရဲ့စိတ်ကို အလွယ်တကူအမှောင်ဖုံးလွှမ်းစေပြီး အမှောင်စွမ်းအင်အောက် အလွယ်တကူကျရောက်ကာ နတ်ဆိုးတွေရဲ့ချုပ်ကိုင်မှုကို ခံရတတ်ကျသည်၊အန်ဂနိုရာကျောက်မှာတော့ ထိုအရာကို ထိန်းချုပ်ပေးနိုင်စွမ်းရှိသည်၊
"နောက်ဆယ်နှစ်ပဲ စောင့်ပေးပါ ဒန်" ဂျော့ဖရေးဟာ ပြုံးရင်းပြောလိုက်ပြီးနောက်မှာ ဆွဲကြိုးကို ဒန်နာရီကိုယ်ပေါ်ဝတ်ပေးလိုက်သည်၊ဒန်နာရီဟာ ဂျော့ဖရေးစကားကို တွေးတောလိုက်သည်၊အတိတ်ဘဝတုန်းက မင်းသားရှစ်ဟာ ဆယ့်ငါးနှစ်နီးပါး​ပျောက်သွားခဲ့ဖူးသည်၊နောက်ပိုင်းပြန်လာသည့်အချိန်မှာတော့ ပြိုင်ဘက်ကင်းကာ အိုလီဘာရဲ့ကြောက်စရာအကောင်းဆုံးပြိုင်ဘက်ဖြစ်လာစေသည်၊မဟုတ်ဘူး ဂျော့ဖရေးဘက်ကကြည့်မယ်ဆိုရင် အိုလီဘာဟာ ဘာမှမဟုတ်ခဲ့ပေ၊