အပိုင်း(13)Un Zaw

3.5K 351 11
                                    

မနက် စောစောဆွမ်းတော် လောင်းပြီချိန်တွင်  ရွာသူကြီး၏ တစ်အိမ်တစ်ယောက် ချက်ချင်း အစည်းဝေးတက်ရန် ကြော်ငြာသွားတာကြောင့်

နွေဦး ခြံစည်းရိုးတံခါးကိုသေချာပိတ်ပြီး ထွက်လိုက်ခဲ့လိုက်တယ်။ မနက်အစောကြီးခေါ်တာဆိုတော့ အရေးကြီး ကိစ္စဖြစ်လောက်တယ်လို့ထင်တယ် မဟုတ်ရင် နေ့လည်ပိုင်းနဲ့ညနေပိုင်းတွေသာ ခေါ်တာများသည်
အခုဘာအရေးကြီးကိစ္စများရှိလို့လဲမပြောတက်နွေဦးတော့ဘာသတင်းမှမကြားထားပါ

နွေဦးနောက်မကျအောင်မြန်မြန်သွားခဲ့ပေမဲ့ သူကြီးဝိုင်းထဲမှာတော့ လူတွေတော်တော်များများရောက်နေကြပါပြီး လူကြီး တွေလဲရောက်နေတာတွေ့ရသည် ။

နွေဦးဘယ်နေရာဝင်ထိုင်မရလဲကြည့်နေတုံး သူကြီးထိုင်တဲ့ခုံဘေးနားမှာ မတ်တပ်ရပ်ပြီး ခေါင်းကို အောက်ငုံထားတဲ့သူကြောင့်နွေဦးမှာအံဩလျက်

ဝေါ်ယာဉ်နဲ့တင်ခေါ်ရင်တောင်မလာတက်တဲ့သူက အစည်းအဝေးပွဲကိုရောက်နေတာမလို့နွေဦးပိုစိတ်ဝင်စားသွား၏

"ကဲ လူစုံပြီဆိုရင်တော့ ကျုပ်ပြောတာကိုသေချာနားထောင်ပေးကြဖို့ပြောချင်ပါတယ်

" ‌ရွာမြောက်ပိုင်းက ဒေါ်မြင့် မနေ့ကဘဲဆုံးသွားပါတယ်

"ဟင်

"ဟာ

ဝိုင်းထဲရှိတဲ့သူတွေအကုန်လုံး ဟင် တွေ ဟာတွေ ဖြစ်ကုန်ကြပြီ အံဩနေကြသည် နွေဦးလဲတကယ်အံ့ဩမိတယ် နေမကောင်းတာသိပေမဲ့ ဒီလောက်မြန်မြန်ကြီးဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့မိပါ

"အဲ့တော့ရွာရဲ့ လုပ်ရိုးလုပ်စဉ်တွေအတိုင်းဘဲ ‌10နာရီထိုးအချိန်မှာ ဒေါ်မြင့်ကိုမြေမြှပ်ကြမယ်

"အဲ့တာဆို ဖိုးသားလေးကိုဘယ်လိုလုပ်မလဲသူကြီး

" အဲ့ကိစ္စနဲ့ပတ်သတ်ပြီးတော့တိုင်ပင်ချင်လို့ခေါ်လိုက်ရတာဘဲ  မင်းတို့သိတဲ့အတိုင်းဒေါ်မြင့်မှာ ဘယ်ဆွေမျိုးအသိုင်းအဝိုင်းမှရှိတဲ့သူမဟုတ်

"အဲ့တော့ ရွာသူရွာသားတွေထဲ ဖိုးသားလေးကို ဘယ်သူတာဝန်ယူမလဲ  တာဝန်ယူမဲ့သူကလဲ ဖိုးသားလေး ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့အထိ တာဝန်ယူရမှာ ပြီးတော့ ရွာသူရွာသားတွေအကုန်သိမှာပါ ဒေါ်မြင့်တို့နေတဲ့အိမ်နဲ့  ဝိုင်းကလဲ ဒေါ်မြင့် ယောင်္ကျားမဆုံးခင်ကတည်းက ‌ဦးတိုးမာန်တို့ဆီမှာရောင်းထားတယ်ဆိုတာကို  ဖိုးသားလေးအတွက်ကျန်ခဲ့တာဆိုလို့ ကိုင်းထဲက လယ်တစ်ပွဲရှိတာ 

ဒေါင်းWhere stories live. Discover now