အခန်း-(၂၆) ကံကြမ္မာ

208 33 0
                                        

Unicode

အရင်တစ်ခါ ရောက်ခဲ့တဲ့ အကယ်ဒမီကျောင်းလိုပဲ နျွယ့်ကျွမ်းနဲ့ ကျဲပက အခန်းယူဖို့ စာရင်းသွားသွင်းကြပါတယ်။ဒီခါတော့ ကျွန်မတို့တွေ နှစ်ယောက်ခန်း အခန်းလေးခန်းရပါတယ်။

"နျွယ့်ကျွမ်း...ရှင်ကလေ အားရှန်းနောက် အမြဲတမ်း နေရာတိုင်းလိုလို လိုက်လိုက်နေတာ ဘာလို့များပါလိမ့်နော်"

ဆုန်းလုက ကျွန်မနဲ့ နျွယ့်ကျွမ်းရဲ့ ဆက်စပ်မှုကို မသိတာကြောင့် စနောက်သလို ပြောလာပါတယ်။

နျွယ့်ကျွမ်းက မျက်လွှာပင့်ပြီး ကျွန်မကို စိုက်ကြည့်လာတယ်။ပြီးတော့ မခိုးမခန့်ပြုံးနေရင်း သူကပြောလာတယ်။

"ဘာလို့လဲဆိုတော့ သူငါ့ကို မခွဲနိုင်အောင်ဖြစ်‌နေလို့လေ"

-
(Novel ထဲမှာ လီရှန်းတစ်ယောက်ပဲ ဆုန်းလုကို {Song Lu Jiejie} လို့ခေါ်ပြီး ကျန်တဲ့လူတွေက ဆုန်းလုပဲခေါ်ကြပါတယ် ဒါကြောင့် နျွယ့်ကျွမ်းနဲ့ ဆုန်းလု စကားပြောမှာလည်း ရိုသေတဲ့အသုံးမသုံးတော့ဘဲ 'မင်း/ ငါ/ရှင်/ကျွန်မ' အဲ့လိုပဲ သုံးထားလိုက်တယ်နော်)
-

ကျွန်မရဲ့ ခြေပျံသိုင်းကို သူ့စီဝဲပစ်ရင်းပြန်ပြောလိုက်တယ်။

"သေလိုက်လေ ဘယ်သူကရှင့်ကို မခွဲနိုင်‌အောင်ဖြစ်နေလို့လဲ"

ဆုန်းလုက ကျွန်မကို ပြုံးစိစိနဲ့ကြည့်လာတော့ ကျွန်မခေါင်းခါပြမိတယ်။

ကိုဆံရွှေပြောထားသလို ကျွန်မတို့နှစ်ယောက်က အဖြည့်ခံတွေဖြစ်နေကြတာမို့ တစ်ယောက်နဲ့တစ်ယောက် 500 မီတာထက်ပို ကွာလို့မရဘူးဆိုတာ‌တွေ ကျွန်မ မရှင်းပြနိုင်ခဲ့ပါဘူး။ပြီးတော့ နျွယ့်ကျွမ်းနဲ့ ကျွန်မကနေ့တိုင်း အမြဲအတူရှိနေရတာကြောင့် တစ်ခြားလူတွေအမြင်မှာ အထင်လွဲနိုင်တယ်ဆိုတာလည်း ကျွန်မသိပါတယ်။ဒါပေမဲ့ ကျွန်မ နျွယ့်ကျွမ်းကိုမုန်းတယ်ဆိုတာ ကန်းနေတဲ့လူကလွဲရင် ဘယ်သူမဆို သေချာပေါက် မြင်နိုင်မှာပါ။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now