အပိုင်း(14)

3.4K 299 20
                                    

" ဝုတ် ဝုတ် ဝုတ်

ရွာထဲကခွေးတွေက ဟောင်လိုက်အူလိုက်နဲ့ ဆူညံနေရော ခွပ်ဒေါင်းအခုထိ မအိပ်ရသေးပါ

ကုတင်ပေါ်ကလူ‌ကတော့ အိမ်မက်ထဲမှာကောင်မတွေနဲ့သာယာနေလောက်ပြီ အိပ်လိုက်တာဆိုတာကလေ ဆင်တက်နင်းရင်တောင်နိူးပါမလားမသိ

ဗိုက်ကလဲအရေးထဲမှာနာလာသည် တစ်ယောက်ထဲလဲ အိမ်သာမသွားရဲဘူး ။ ဟိုလူကိုနိူးပြီးအဖော်ခေါ်ရင်လဲ လူကိုသရဲကြောက်တယ်ထင်အုံးမယ်

သရဲကြောက်လို့တော့မဟုတ်ပါဘူးသရဲတွေနဲ့ မပတ်သတ်ချင်တာ

"အူ ••••••••••• ဝုတ် ဝုတ်

ခွေးတွေက ဆွဲဆွဲငင်ငင်အူနေတာကြောင့် ခွပ်ဒေါင်း‌ပိုပြီးတော့  ကျောချမ်းသာ၏ ။ စောင်ကိုခေါင်းထိခြုံပြီးတော့ မနက်မြန်မြန်လင်းဖို့ဆုတောင်းနေမိသည်။ ဒီလိုညမှ မနက်လင်းဖို့ဘာလို့များကြာနေတာလဲမသိဘူး

" ဟိတ် ဟိတ်

နွေဦးအပေါ့သွားချင်လို့ နိူးလာတော့ စောင်ကိုခေါင်းထိခြုံပြီးဘာတွေရွတ်နေမှန်းမသိတဲ့ကောင်လေးကြောင့် နွေဦး နိူးလိုက်တယ် အိပ်ရင်းယောင်နေတာလား အိမ်မက်မက်နေတာလားတော့မပြောတက်ပါ

ခွပ်ဒေါင်းစောင်ကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့ ခွပ်ဒေါင်းကိုအပါ်စီးကနေ စိုက်ကြည့်နေတဲ့မျက်လုံးတစ်စုံ

"အား •••••••••

" သရဲ  သရဲ

"ဘာသရဲလဲ ငါငါ ဘယ်သရဲမှမဟုတ်ဘူး

အဲ့လိုပြောလိုက်မှာ စောင်ကို ပြန်ဖွင့်ပြီးကြည့်လာတဲ့ ဖင်ပြောင်လေး ကြောက်တက်လိုက်တာလဲ လွန်ပါရောလေ

"ခင်ဗျားဘာလို့မပြောမဆိုနဲ့ ကျုပ်ကိုစိုက်ကြည့်နေတာလဲ

"အယ် မင်းစောင်ကြီးခြုံပြီးဘာတွေရွတ်နေမှန်းမသိလို့ ငါကအိပ်ရင်းယောင်နေတယ်ထင်ပြီးနိူးလိုက်တာပေါ့

"အဲ့တာဆိုလဲ ဝေးဝေးကနေ နိူး‌ လေဘာလို့ကျုပ်နားကပ်ပြီး မျက်နှာကြီးကစိုက်ကြည့်နေတော့ကျုပ်ကလန့်တာပေါ့

ဒေါင်းWhere stories live. Discover now