Chapter - 10

12K 2K 36
                                    

Unicode

မင်းဘာလို့ဒီအစီအစဉ်ကိုလာတာလဲ?
________________________

ဂျန်ရှင်းဆွေ့ ရှန်ရှင်းချန်ရဲ့စကားကိုကြားပြီးသွားတော့ သေချာပေါက်သဘောတူတာပေါ့။

သူဖုကျင်းရှောင်းရဲ့ဖန်ဖြစ်လာတာဒီလောက်ကြာနေပြီ။ အစတုန်းကသူ့ရဲ့သီချင်းဆိုသံကိုသဘောကျသွားတာ။ နောက်ပိုင်းကျတော့ သူ့ရဲ့အကြောင်းကိုပိုပိုပြီးသိလာခဲ့တယ်။ ရုပ်ရှင်ဧကရာဇ်ဖုရဲ့အရည်အချင်းတွေကိုလည်း တဖြည်းဖြည်းနဲ့သဘောကျလာတော့တယ်။ နောက်ကျတော့သူ့ကိုပိုပြီးတော့ နားလည်လာတယ်။ သူဖျော်ဖြေရေးလောကမှာ ဒုက္ခတွေ၊ သူ့ရဲ့အလုပ်အပေါ်အလေးထားမှု၊ ကြိုးစားမှု၊ အရည်အချင်းတွေကိုလည်းသိလာတယ်။

အဲ့တာကြောင့် သူပေါ့ပေါ့ပါးပါးပဲပြုံးလိုက်တယ်။ ခေါင်းငြိမ့်လိုက်ပြီး အလေးအနက်နဲ့ပြောလိုက်တယ် "အင်း ဖုကောကလူကောင်းဆိုတာ ကျွန်တော်သေချာပေါက်သိတာပေါ့"

ရှန်ရှင်းချန်အစတုန်းက ဒီတိုင်းပဲပါးစပ်ထဲရှိရာပြောလိုက်တာ။ ဂျန်ရှင်းဆွေ့က ဒီလိုလေးလေးနက်နက်ကြီး သဘောတူလာလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။ သူတို့စတွေ့ကတည်းက ဒီလူငယ်လေးကအမြဲတိတ်ဆိတ်နေတာ။ အဲ့တာကြောင့်ရှန်ရှင်းချန်က ဒီကောင်လေးကိုပျင်းစရာကောင်းတဲ့လူတစ်ယောက်လို့ပဲထင်ထားတာ။ ဒါပေမဲ့ဖုကျင်းရှောင်းအကြောင်းပြောတဲ့အခါမှာတော့ သူ့ရဲ့မျက်လုံးတွေက ကြယ်လေးတွေလိုတောက်ပနေလေတယ်။ သူ့ရဲ့မျက်နှာပေါ်မှာလည်း အပြုံးရိပ်ရေးရေးလေးပေါ်လျက်ရှိတယ်။ အဲ့ဒီ့အချိန်မှာ ရှန်ရှင်းချန်ရဲ့လှုပ်ရှားမှုတွေ ရပ်တန့်သွားလေတယ်။

*ဒီကောင်လေးက ဖုကောရဲ့ဖန်များလား?*

အား...တကယ်ပဲ...

တစ်ခဏလောက်စကားပြောပြီးသွားတော့ နည်းပြတွေရဲ့ဖျော်ဖြေမှုကလည်းပြီးသွားပြီ။ နည်းပြတွေကသူတို့ရဲ့သတ်မှတ်ထားတဲ့ ထိုင်ခုံတွေမှာထိုင်လိုက်တယ်။ ဖုကျင်းရှောင်းကဒီနယ်ပယ်ထဲမှာ အရည်အချင်းအပြည့်ရှိပြီးတော့ သူ့ရဲ့ဂုဏ်ပုဒ်ကလည်းအမြင့်တစ်နေရာမှာရှိနေတော့ သေချာပေါက်အလယ်ကထိုင်ခုံမှာထိုင်ရတာပေါ့။ သူ့ရဲ့ဘေးမှာက ထိုင်းကအဆိုအကနာမည်ကြီးidolထူရာ။ သူတို့ဘေးနှစ်ဘက်မှာက hip-hop dancerနဲ့rapperဖြစ်တဲ့ 'လျိုရွှောင်း'နဲ့'လီဇယ်မင်'။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now